AA အကြမ်းဖက်သောင်းကျန်းသူများက မောင်တောမြို့ရှိ ပုစွန်ကန်အနီးတွင် ယာယီနေရပ်စွန့်ခွာနေသော ဘင်္ဂါလီလူမျိုးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည့် ဗီဒီယိုဖိုင်များ ထွက်ပေါ်

 

နေပြည်တော်  ဩဂုတ် ၆


AA အကြမ်းဖက်သောင်းကျန်းသူ များသည်   ရခိုင်ပြည်နယ်အတွင်း မြို့၊  ရွာ၊   ရပ်ကွက်များအတွင်း လက်နက်ကြီးများ၊ Drop Bomb များဖြင့်   ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအား ညှဉ်းပန်း နှိပ်စက်         သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်တွင် ရခိုင် ပြည်နယ်             မောင်တောမြို့ (အမှတ်-၂)        ဖော်ယာဇီရွာ အနောက်ဘက်ကန်စည်းရိုးနားရှိ ပုစွန်ကန်ပေါင်တွင် AA အကြမ်း ဖက်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ယာယီနေရပ်စွန့်ခွာပြီး တစ်ဖက် နိုင်ငံသို့ တိမ်းရှောင်ရန်လုပ်ဆောင် နေကြသည့်   ဘင်္ဂါလီလူမျိုးများ၊ ကလေးငယ်များအပါအဝင်   လူ အစုလိုက်အပြုံလိုက်ကို လူမဆန် စွာ    ရက်ရက်စက်စက်   နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့သည်။ ထို့ပြင် ဘင်္ဂါလီ  အမျိုးသမီးငယ်များကို အဓမ္မပြုကျင့်ပြီး        သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။


AAအကြမ်းဖက်သောင်းကျန်း သူများက ၎င်းတို့၏  အကြမ်းဖက် လုပ်ရပ်များကို     နိုင်ငံတကာမှ သိရှိသွားမည်ကို     စိုးရိမ်သဖြင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ရန် လုပ်ဆောင်နေကြသည့်  ဘင်္ဂါလီ လူမျိုးများကို ယခုကဲ့သို့ လူမဆန် စွာ ရက်ရက်စက်စက်   သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း          သိရှိရပြီး ထိုသို့              သတ်ဖြတ်ခဲ့သည့်   ဗီဒီယိုဖိုင်များ  လူမှုကွန်ရက်တွင်    ပျံ့နှံ့လျက်ရှိကြောင်း သတင်းရရှိ သည်။


သတင်းစဉ်