အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးအသင်း ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေ

 

ရန်ကုန်   ဇွန်   ၁၇


မြန်မာ့လက်ရွေးစင်   အမျိုးသမီး အသင်းသည်   ၂၀၂၂   အာဆီယံ အမျိုးသမီး    ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 


မြန်မာ့လက်ရွေးစင်   အမျိုး သမီးအသင်းသည် ဇွန် ၆ ရက်မှ စ၍ လေ့ကျင့်နေပြီး ပဏာမကစား သမားများအနက်         အသင်း ခေါင်းဆောင်    ခင်မာလာထွန်း သည်   ထိုင်းကလပ်အသင်းတွင် သွားရောက်   ကစားနေသဖြင့် အသင်းနှင့်   ပူးပေါင်းနိုင်ခြင်း မရှိသေးဘဲ  ကျန်ရှိသည့်  ကစား သမားများဖြင့်သာ     လေ့ကျင့် ပြင်ဆင်နေခြင်းဖြစ်သည်။ ထို့ပြင် တိုက်စစ်မှူး    ဝင်းသိင်္ဂီထွန်းမှာ လည်း ဒဏ်ရာအခြေအနေကြောင့်    ပုံမှန်လေ့ကျင့်နိုင်ခြင်း   မရှိသေး သော်လည်း   ပြိုင်ပွဲအမီ ပြန်လည်       ကောင်းမွန်မည်ဖြစ်သည်။ 

 


အာဆီယံ   အမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်   အမျိုးသမီးအသင်းကို     ယာယီ နည်းပြချုပ်အဖြစ်    ဒေါ်သက်သက် ဝင်းက တာဝန်ယူကိုင်တွယ်လျက် ရှိသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်သည်   ဒေါ်သက်သက်ဝင်းကို ယာယီ     နည်းပြချုပ်အဖြစ် အာဆီယံပြိုင်ပွဲအတွက် တာဝန် ပေးထားခြင်းဖြစ်သည်။ ဒေါ်သက် သက်ဝင်းသည်  မြန်မာ  ယူ-၁၈ အမျိုးသမီးအသင်း၏ နည်းပြချုပ် ဖြစ်ပြီး လက်ရှိအချိန်တွင် အသင်း နှစ်သင်းစလုံးကို    ကိုင်တွယ်နေ ခြင်းဖြစ်သည်။ ဒေါ်သက်သက်ဝင်း သည် မြန်မာ့လက်ရွေးစင် အမျိုး သမီး      ဘောလုံးလက်ရွေးစင် ဟောင်းတစ်ဦးဖြစ်ပြီး   ကစား သမားဘဝတွင်  အောင်မြင်မှုများ ရခဲ့သလို နည်းပြဘဝတွင်လည်း ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိထားသည်။ ဒေါ်သက်သက်ဝင်း သည် မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်းကို ယခင်က ကာလ တို    ကိုင်တွယ်ခဲ့ဖူးပြီး  ၂၀၁၅ အာဆီယံပြိုင်ပွဲတွင် ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်ပေးခဲ့သလို ယူ-၁၉ အမျိုးသမီးလက်ရွေးစင် အသင်းကို    ကိုင်တွယ်ရာတွင် လည်း ၂၀၁၉ အာရှဖလား ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

 


၂၀၂၂  အာဆီယံ  အမျိုးသမီး ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၁၇ ရက် အထိ ဖိလစ်ပိုင်နိုင်ငံအထိ ကျင်းပ မည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(ခ)တွင် ဗီယက်နမ်၊ တီမော၊ ကမ္ဘောဒီးယား၊  လာအိုအသင်းတို့ နှင့် တစ်အုပ်စုတည်း ကျရောက်  နေသည်။                    

ရဲရင့်လွင်