အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) မြန်မာနိုင်ငံမှ လက်ခံရရှိ

 

နေပြည်တော်   ဇူလိုင်   ၃၁


အာဆီယံဒေသတွင်း ဆေးလိပ်ငွေ့ ကင်းစင်စေရန် ရည်ရွယ်၍ အရှေ့ တောင်အာရှ ဆေးလိပ်နှင့်  ဆေး ရွက်ကြီး  ထိန်းချုပ်ရေး မိတ်ဖက် အဖွဲ့ (South East Asia Tobacco Control Alliance) နှင့် အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးတို့ ပူးပေါင်း ဆောင်ရွက်သည့်         အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်      ဒေသဆု (ASEAN Smoke Free Award) အစီအစဉ်ကို ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ မြို့၌    ကျင်းပဆောင်ရွက်ခဲ့သော (၁၅)    ကြိမ်မြောက်     အာဆီယံ ကျန်းမာရေးဝန်ကြီးများ အစည်း အဝေးတွင်    စတင်မိတ်ဆက်ခဲ့ပြီး  အာဆီယံ     အဖွဲ့ဝင်နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ် ခဲ့သည်။


မြန်မာနိုင်ငံတွင် ဆေးလိပ်ငွေ့ ကင်းစင်ဒေသများ ထူထောင်ထား ရှိသည့်အနက်        ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအား အာဆီယံ ဆေးလိပ်ငွေ့       ကင်းစင်ဒေသဆု (ASEAN Smoke Free Award) အတွက်   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စိစစ်ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်း ၍ သတ်မှတ်ထားသည့် အမှတ် ပေးစည်းမျဉ်းဖြင့် စိစစ်ရွေးချယ် ခဲ့ပြီး ရွှေတံဆိပ် (Gold) ကို ဖိလစ် ပိုင်နိုင်ငံ  IIoilo  City  က လည်း ကောင်း၊ ငွေတံဆိပ် (Silver) ကို အင်ဒိုနီးရှားနိုင်ငံ   Bogor   City ကလည်းကောင်း၊ ကြေးတံဆိပ် (Bronze) ကို ထိုင်းနိုင်ငံ Saensuk Municipality   နှင့် မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ တို့က       ပူးတွဲ၍လည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ်        လာအိုနိုင်ငံ Luang Prabang  ကလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်           ရုံးက အကြောင်းကြားခဲ့သည်။  


မြန်မာနိုင်ငံမှ       ရရှိသည့် အာဆီယံ ဆေးလိပ်ငွေ့ကင်းစင် ဒေသဆု  (ASEAN  Smoke Free Award) ကို ၂၀၂၄ ခုနှစ် ဩဂုတ်  ၈   ရက်တွင်   လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ    ဗီယင် ကျန်းမြို့၌ ကျင်းပဆောင်ရွက်မည့် (၁၆)    ကြိမ်မြောက်    အာဆီယံ ကျန်းမာရေးဝန်ကြီးများ     အစည်း အဝေးတွင် အခမ်းအနားအစီအစဉ် တစ်ရပ်ဖြင့် ပေးအပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။


သတင်းစဉ်