အာဆီယံ - တရုတ် အသက် ၁၈ နှစ်‌အောက် ဘတ်စကက်ဘောပြိုင်ပွဲတွင် မြန်မာဘတ်စကက်ဘောအားကစားအဖွဲ့‌ ငွေတံဆိပ်ဆုရရှိ

 

ရန်ကုန်  ဇူလိုင်  ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ်     မယ်လီပိုခရိုင်တွင် ဇူလိုင်  ၁၄ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့်     ASEN - China Touth    Basketball    Tou-Rnament and Cultural Exchan XCHAN 3x3 အသက် ၁၈ နှစ်‌ အောက် ဘတ်စကက်ဘောပြိုင်ပွဲ သို့   မြန်မာဘတ်စကက်ဘော အားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ဒုတိယ(ငွေ)  တံဆိပ်ဆုနှင့် အ‌ကောင်းဆုံး    ကစားသမားဆု ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်  တရုတ် အသင်းက   ပထမ(ရွှေ)၊   မြန်မာ အသင်းက ဒုတိယ(ငွေ)၊ မလေးရှား အသင်းက   ဒုတိယ(ငွေ)၊   ထိုင်း အသင်းက တတိယ(ကြေး)တံဆိပ် ရရှိခဲ့ကြပြီး        မြန်မာအသင်းမှ စိုင်းအောင်အောင်က အကောင်း ဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့‌ သည်။
ယင်းပြိုင်ပွဲတွင်     အိမ်ရှင် တရုတ်အသင်းက     ငါးသင်း၊ ကမ္ဘောဒီးယား၊     အင်ဒိုနီးရှား၊ လာအို၊   မလေးရှား၊    ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာတို့က  တစ်သင်းစီ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြ‌သည်။
မြန်မာ   ဘတ်စကက်ဘော အားကစားအဖွဲ့တွင် မြန်မာနိုင်ငံ ဘတ်စကက်ဘော      အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ  ဦးမောင်မောင်မြင့်၊  နည်းပြနှင့်     အားကစားသမား‌ ငါးဦး စုစု‌ပေါင်း ခုနစ်ဦးတို့သည် ယနေ့မွန်းလွဲ  ၂ နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာ      လေဆိပ် သို့     ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)      ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊     ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊  မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်မှ အမှု ဆောင်များ၊ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှ     ကျောင်း သား   ကျောင်းသူများ၊     မိဘ ဆွေမျိုးများ  ကြိုဆိုနှုတ်ဆက်ခဲ့ ကြ‌ကြောင်း သိရသည်။
အာကာစိုး