အာဆီယံ ယူ-၁၈ အမျိုးသမီးပြိုင်ပွဲ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲ မြန်မာနှင့် သြစတြေးလျ ယနေ့ယှဉ်ပြိုင်ကစားမည်

 

ရန်ကုန်  ဇူလိုင်   ၂၈


အင်ဒိုနီးရှားနိုင်ငံ   ပလန်ဘမ်မြို့ ၌   ကျင်းပလျက်ရှိသည့်  ၂၀၂၂ အာဆီယံ   ယူ-၁၈  အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ    အုပ်စု (ခ) နောက်ဆုံးနေ့ကို ဇူလိုင် ၂၉ ရက် (ယနေ့)     ဆက်လက်ကျင်းပ မည်ဖြစ်ပြီး      မြန်မာအသင်း သည်   အုပ်စုပထမနေရာအတွက် သြစတြေးလျအသင်းနှင့်  အဆုံး အဖြတ် ကစားရမည်ဖြစ်သည်။

 


အုပ်စု (ခ) နောက်ဆုံးပွဲအဖြစ် မြန်မာနှင့်         သြစတြေးလျ၊ မလေးရှားနှင့်  ဖိလစ်ပိုင်အသင်းတို့ ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် တစ်ချိန်တည်းယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

 


အုပ်စု (ခ) တွင်   ပါဝင်သည့် အသင်းများအနက်    မြန်မာနှင့် သြစတြေးလျအသင်းသည် နှစ်ပွဲစီ ကစားအပြီးတွင်      ရမှတ်ခြောက် မှတ်စီဖြင့်      ဆီမီးဖိုင်နယ်တက် ရောက်ခဲ့ခြင်းဖြစ်ပြီး  ယနေ့ကစား မည့်နောက်ဆုံးပွဲမှာ   အုပ်စုပထမ နေရာအတွက်သာ  အဆုံးအဖြတ် ကစားရမည်ဖြစ်သည်။  ဖိလစ်ပိုင် နှင့်     မလေးရှားအသင်းတို့မှာ နှစ်ပွဲစလုံး    ရှုံးနိမ့်ထားသဖြင့် အုပ်စုမှ      ထွက်ခဲ့ရပြီဖြစ်သည်။ သြစတြေးလျအသင်းသည် မြန်မာ အသင်းထက်     ဂိုးကွာခြားချက် အသာရထားသဖြင့်  သရေကစားရုံ ဖြင့်  အုပ်စုပထမနေရာ  ရယူနိုင် မည်ဖြစ်သည်။    သြစတြေးလျ အသင်းသည်    ပြိုင်ပွဲမတိုင်မီက ယူ-၁၅   အသင်းကိုသာ  စေလွှတ် မည်ဟု    သတင်းများထွက်ပေါ်ခဲ့ သော်လည်း  လက်ရှိတွင် ယူ-၁၇ ကစားသမား    အများစုဖြင့်လာ ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း   နည်းပြချုပ်ကိုယ်တိုင်     ပွဲကြို   သတင်းစာရှင်းလင်းပွဲတွင် အတည် ပြုထားသည်။  ထို့ကြောင့်  မြန်မာ အသင်းအနေဖြင့်  သြစတြေးလျ ကို   ယှဉ်ကစားနိုင်ရန်   ခက်ခဲပြီး ဆီမီးဖိုင်နယ်လည်း   တက်ရောက် ပြီးဖြစ်ရာ   နောက်တစ်ဆင့်တွင် ထိုင်း   သို့မဟုတ်   ဗီယက်နမ်နှင့် တွေ့ဆုံနိုင်သဖြင့်   အမာခံကစား သမားအချို့ကို   အနားပေးဖွယ်ရှိ နေသည်။

 


အုပ်စု(က)တွင်       ထိုင်း၊ ဗီယက်နမ်၊   အိမ်ရှင်အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့်     စင်ကာပူတို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီး   ဇူလိုင် ၃၀ ရက်မှ  အုပ်စုပွဲများ  ပြီးဆုံးမည် ဖြစ်သည်။


သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MFF