အာဆီယံအစည်းအဝေးတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့ ပါဝင်ဆွေးနွေး

 

ဘန်ဒါဆီရီဘီဂါဝန်   သြဂုတ်   ၅ 


အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)သည် ဝန်ကြီးများအဆင့် အစည်းအဝေးများကို အွန်လိုင်းမှ ကျင်းပခဲ့ရာ  အဆိုပါအစည်းအဝေးများတွင်  အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့လည်း ပါဝင် ကြောင်း သိရသည်။ 
အမေရိကန်ပြည်ထောင်စု  နိုင်ငံခြားရေးဝန်ကြီး  အန်တိုနီ ဘလင်ကန်က အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ကူညီရန် ကတိပြုခဲ့သည်။ 
အမေရိကန်ပြည်ထောင်စုသည်       လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွက် လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများကို       ဘလင်ကန်က   ပြောကြား လိုက်သည်။ 
အမေရိကန်ပြည်ထောင်စုသည်   ဒေသတွင်း၌ နိုင်ငံတကာဥပဒေကို လက်ကိုင်ကျင့်သုံးသွားမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ဖော်ပြသည်။ 

 


ထို့ပြင်      ကိုရိုနာဗိုင်းရပ်စ်ကို        ဆန့်ကျင် တိုက်ဖျက်ရာတွင်လည်း ကူညီသွားမည်ဖြစ်ကြောင်း ဘလင်ကန်က    ကတိပေးခဲ့သည်။    ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံနိုင်ငံများ ရင်ဆိုင်နေ ရသော    မည်သည့်စီးပွားရေး   ထိခိုက်မှုမျိုးကိုမဆို အမေရိကန်နိုင်ငံက       ကူညီသွားမည်ဖြစ်ကြောင်း ဘလင်ကန်က ပြောသည်။ 
ထို့ပြင်         တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးတွင် ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။  

 

အင်န်အိတ်ချ်ကေ