အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူ ပြည်သူနှင့် ကျောင်းသား ကျောင်းသူများ စည်ကားစွာ လေ့လာကြည့်ရှု

ရန်ကုန်  ဇူလိုင်  ၁၉
၂၀၂၄ ခုနှစ်  ဇူလိုင်  ၁၉  ရက်တွင် ကျရောက်သည့်  (၇၇)   နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့  ဗဟန်း မြို့နယ်    ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်သို့ ရဟန်းရှင် လူ    ပြည်သူများနှင့် ကျောင်းသား      ကျောင်းသူများ    စည်ကားစွာ   လေ့လာကြည့်ရှုခဲ့ကြသည်။
မြန်မာ့လွတ်လပ်ရေး        ဖခင်  ဗိုလ်ချုပ်အောင်ဆန်း    နေထိုင်ခဲ့ သော      နေအိမ်ပြတိုက်တွင် အာဇာနည်နေ့၌   နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ  အထူးပြပွဲအပါ အဝင် ပြခန်းများကို ခင်းကျင်းပြသ  ထားပြီး   အဆိုပါ   အထူးပြပွဲတွင် နည်းပညာပြကွက်    (Digital Exhibition)၌         ဗိုလ်ချုပ် အောင်ဆန်းနှင့်  ပတ်သက်သည့် မေးခွန်း  (၂၅)ခုကို ဖြေဆိုခြင်းဖြင့် ဆုငွေများ လက်ရောက်ချီးမြှင့်ခဲ့ရာ ဖြေဆိုသူများဖြင့်    စည်ကားခဲ့ သည်။     ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်အား        တနင်္လာနေ့နှင့် အများပြည်သူ    ရုံးပိတ်ရက်တို့မှ အပ  ကျန်နေ့ရက်တို့တွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် တွင် အမျိုးသားပြတိုက်(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းက “(၇၇)   နှစ် မြောက် အာဇာနည်နေ့မှာ ဒီနှစ်ဆို ရင်       ပုံမှန်ခင်းကျင်းပြသမှုနဲ့ နည်းပညာပြကွက်             (Digital Exhibition)ဆိုပြီး ကဏ္ဍနှစ်မျိုးနဲ့ ပြသထားပါတယ်။ ပုံမှန်ပြသမှုဆို ရင် ပြတိုက်မှာ ခင်းကျင်းပြသထား တဲ့အတိုင်းဖြစ်ပြီး    နည်းပညာ ပြကွက်ဆိုရင် 3D ပိုရိုဂရပ်ဖစ်မှာ  ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေ၊    ပြခန်း တွေက ပစ္စည်းတွေနဲ့ ပြတိုက်ပြင်ပ  ရှုခင်းတွေကို   တစ်နေရာတည်းမှာ ကြည့်ရှုနိုင်အောင်   ပြသထားပါ တယ်။    Digital   Exhibition ပြကွက်မှာ   ဗိုလ်ချုပ်မိန့်ခွန်းနဲ့ သမိုင်းကြောင်းကို  စခရင်ပေါ်မှာ ကိုယ်တိုင်နှိပ်ရှာပြီး  လေ့လာနိုင် အောင်           စခရင်ဘုတ်ပြားတွေ ထောင်ပေးထားပါတယ်။  ဗိုလ်ချုပ် နဲ့        ပြတိုက်သမိုင်းကြောင်းနဲ့ ပတ်သတ်ပြီး    ဉာဏ်စမ်းပဟေဠိ မေးခွန်း    ဖြေဆိုနိုင်သူတွေကို ဆုငွေချီးမြှင့်တာလည်း ဆောင်ရွက် ပေးထားပါတယ်။ ဗိုလ်ချုပ်အိပ်ရာ ပြခန်းမှာ        ဒီနှစ်ထူးခြားတာက ဗိုလ်ချုပ်ဝတ်ဆင်ခဲ့တဲ့    အဝတ် အစားတွေမှာ  A.S စာသားပါတဲ့ အဝတ်အစားနဲ့          ခရီးဆောင် သားရေသေတ္တာကို အများပြည်သူ ကြည့်ရှုလေ့လာနိုင်အောင် အပြင် ကို   ထုတ်ပြီးပြသထားပါတယ်။ ဒီနှစ်မှာ   အများပြည်သူ ပြီးပြည့်စုံ စွာ လေ့လာသိရှိနိုင်အောင် နည်း ပညာပိုင်းဆိုင်ရာများနဲ့  ဖြည့်စွက် ဆောက်ရွက်   ပေးထားတဲ့အတွက် အများပြည်သူ   အားရကျေနပ်မှု ရရှိစေမှာပါ။     မျိုးချစ်စိတ်နဲ့ အာဇာနည်စိတ်ထားတွေ ပေါ်ထွန်း လာအောင်  သမိုင်းကြောင်းထဲက အဓိကပုဂ္ဂိုလ်တစ်ဦးကို မှတ်မိစေဖို့ ပြတိုက်ကို ဖွင့်လှစ်ထားတာဖြစ်ပါ တယ်။ ဗိုလ်ချုပ်က    စာဖတ်အား ကောင်းတယ်။   အင်္ဂလိပ်စာအုပ် ဆိုရင်  ဘာသာရပ်အလိုက် ၂၃၉ အုပ်ကို   ဖတ်ခဲ့တဲ့အတွက်   နိုင်ငံ တကာနဲ့ယှဉ်ပြီး ပြောဆိုဆက်ဆံ နိုင်ခဲ့ပြီးတော့    လွတ်လပ်ရေး အတွက်လည်း  တိုက်ပွဲဝင်နိုင်ခဲ့ တာပါ။   ဒါတွေကို   ကလေးတွေ အနေနဲ့    ခေါင်းဆောင်တစ်ဦးရဲ့ အနေအထိုင်၊ အပြုအမူကို မှန်းဆ တမ်းတ မြင်ယောင်ပြီး အတုယူ တတ်ဖို့လည်း     လိုပါတယ်”   ဟု ရှင်းလင်းပြောကြားသည်။
ပြတိုက်         အပေါ်ထပ်တွင် ဗိုလ်ချုပ်တို့ ဇနီးမောင်နှံအိပ်ခန်း၌ ခုတင်၊   မှန်တင်ခုံ၊   သစ်သားဗီရို၊ ဗိုလ်ချုပ်  အသုံးအဆောင်ပစ္စည်း များထားရှိပြီး ထိုအခန်းခေါင်းရင်း ၌ ကြောင်လိမ်လှေခါးဖြင့် တက်ရ သည့်   တတိယထပ်တာဝါတွင် ရှိသော        ဘုရားခန်းအတွင်း ဗိုလ်ချုပ်မိသားစု   ပူဇော်ခဲ့သည့် ဒက္ခိဏသာခါ   ဆင်းတုတော်နှင့် ကျောင်းဆောင်ပုံကို     ဗိုလ်ချုပ် အိပ်ခန်းခေါင်းရင်းတွင်    ဘုတ်ပြား ပေါ်၌ ဓာတ်ပုံ/စာသားဖြင့်  ပြသ ထားပြီး   ဗိုလ်ချုပ်ဝတ်ဆင်ခဲ့သည့် အဝတ်အစားများနှင့် ခရီးဆောင် အိတ်ကို ပြသထားသည်။ ဗိုလ်ချုပ် အိပ်ခန်းနံရံတွင်    ဗိုလ်ချုပ်ပုံတူ ပိုးပန်းချီ၊ ဇနီးမောင်နှံပုံ၊    ဘေး တစ်ဖက်ရှိ စာဖတ်ခန်းတို့ကို ပြသ  ထားပြီး     ကလေးများအိပ်ခန်း၌ ခုတင်သုံးလုံး၊    အဝတ်ထည့်ဗီရိုနှင့်   မှန်တင်ခုံတို့ကို    ပြသထားသည်။
ဗိုလ်ချုပ်၏      သားသမီးများ အိပ်ခန်းအနီးတွင်ရှိသည့်  အထူး အစည်းအဝေးခန်း၌         ဆက်တီ တစ်စုံနှင့် နံရံတွင်ဗိုလ်ချုပ်မိန့်ခွန်း များ        ကောက်နုတ်ချက်တို့ကို မြန်မာ/အင်္ဂလိပ်   နှစ်ဘာသာဖြင့် ပြသထားပြီး     ကလေးအိပ်ခန်း အနောက်ဖက်တံခါးရှိ      ပြတိုက် စင်္ကြံလမ်းမှ    ပြတိုက်အောက်သို့ ပတ်၍ ပြန်ဆင်းပါက ရေကန်အနီး ၌  စိုက်ခင်းပြကွက်တွင်    သီးပင် စားပင်စိုက်ပျိုးနေသည့်  ဗိုလ်ချုပ် ရုပ်ထုပုံကို ပြသထားသည်။ရေကန် အနီး ပြတိုက်ဝင်းအထွက် လမ်း၌ 3D   ပိုရိုဂရပ်ဖစ်နှင့်   နည်းပညာ ပြကွက်(Digital Exhibition) တို့ကို ပြသထားပြီး အများပြည်သူ အထူး စိတ်ဝင်တစား   လေ့လာခဲ့ကြကာ   ဉာဏ်စမ်းပဟေဠိများကိုလည်း    စိတ်ပါဝင် စားစွာ ဖြေဆိုကြသည်။
ယနေ့   (၇၇)   နှစ်မြောက် အာဇာနည်နေ့တွင်       ဗိုလ်ချုပ် အောင်ဆန်းပြတိုက်    (ရန်ကုန်) အား ယခင်နှစ်တို့ထက် နည်းပညာ အစီအစဉ်တို့ကို  တိုးမြှင့်ပြသခဲ့ရာ ပြတိုက်အင်္ဂါနှင့်အညီ    ပြင်ဆင် ဆောင်ရွက်ထား၍  မိုးဖွဲဖွဲနှင့်အတူ ကြည့်ရှုလေ့လာသူတို့ဖြင့်   အထူး စည်ကားခဲ့သည်။
သတင်းစဉ်၊ ဓာတ်ပုံ - ကနူး