အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး နိုင်ငံ့လက်ရွေးစင်များ ပိုမိုမွေးထုတ်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိ ခဲ့သော မြန်မာအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ပြုကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ရာ (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမြင့်မားဆုံး စွမ်းဆောင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူ အားကစားမောင်မယ် တို့အတွက် နိုင်ငံတော်၏ နောက်ထပ်အားပေးဂုဏ်ပြုချီးမြှင့်မှုပင် ဖြစ်သည်။

 


ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစား နည်း ၂၀ ကို  အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်း ဆုတံဆိပ် ၆၂ ခု ရရှိခဲ့သည်။ နိုင်ငံအလိုက်တွင် ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် (၇) ရရှိခဲ့သည်။  နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်း သည်လည်း ထိုနိုင်ငံ၏ ပြယုဂ်တစ်ခုပင်ဖြစ်ရာ အားကစားမြင့်မား မှုဖြင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်လည်း လိုသည်။ ပြီးခဲ့သည့် ဆီးဂိမ်းတွင် မြန်မာနိုင်ငံ၏ အောင်မြင်မှုသည် ယခင် ထက် တိုးတက်မှုများ တွေ့ရှိလာခဲ့သော်လည်း နိုင်ငံ့ဂုဏ်မြင့်မား ရေးအတွက် အားကစားကဏ္ဍမြင့်မားအောင် ကြိုးပမ်းကြရဦးမည် ဖြစ်သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၅/၂၀၂၂)တွင် အမှာစကားပြောကြားရာ၌ “အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ကြိုးစားအားထုတ်နိုင်စေရေးအတွက် မိမိတို့အနေဖြင့် အားကစား ကဏ္ဍကို အားပေးဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပ ပြုလုပ်လျက်ရှိသည့်အပြင် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် အားကစားပြိုင်ပွဲများကိုလည်း နိုဝင်ဘာလနှင့် ဒီဇင်ဘာ လတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအားကစား ပြိုင်ပွဲများမှ ထွက်ရှိလာသည့် စံချိန်ကောင်းမွန်သည့် အားကစား သမားများကို ရွေးချယ်၍ နိုင်ငံ့လက်ရွေးစင်အားကစားသမား များအဖြစ် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ရှိနေသည့် အားကစားသမားများအနေဖြင့် စိန်ရတုလွတ်လပ်ရေး နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် အမြင့်ဆုံးအောင်ပွဲ များရယူကာ လာမည့်ဆီးဂိမ်းပြိုင်ပွဲ၊ အာရှပြိုင်ပွဲ၊ ကမ္ဘာ့ပြိုင်ပွဲများ အထိ တက်လှမ်းနိုင်ရေး  လေ့ကျင့်ပြင်ဆင်ကြရန်  တိုက်တွန်း လိုသည်။

 


နိုင်ငံ၏အားကစားကဏ္ဍမြင့်မားလာစေရန် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်ဖို့လိုသည်။ ယင်း အတွက် အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် အားကစားပစ္စည်းများ၊ ကျွမ်းကျင်နည်းပြများနှင့် ခွန်အားဖြည့် အစားအစာ၊ ဆေးဝါးတို့အပြင် ငွေကြေးထောက်ပံ့မှုတို့ အဓိက လိုအပ်ပြီး တစ်ဖက်မှလည်း ရွေးချယ်မှုမှန်ကန်ရေး၊ စီမံခန့်ခွဲမှုများ ကောင်းမွန်ရေး၊ အားကစားနည်းအလိုက် နည်းစနစ်များကောင်းမွန် ရေးတို့လည်း လိုအပ်သည်။ လိုအပ်ချက်များ ဖြည့်ဆည်းမှုကောင်း လျှင်ကောင်းသလောက် တိုးတက်အောင်မြင်မှုရရှိကြောင်း တွေ့ရှိ ခဲ့ကြပြီးဖြစ်ရာ အမျိုးသားအားကစားအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် ရှေရှည်စီမံချက်ချမှတ်ကာ နိုင်ငံ့လက်ရွေးစင် အားကစားသမားအမြောက်အမြား  ပေါ်ထွက်လာအောင်   ပြုစု ပျိုးထောင် မွေးထုတ်ပေးနိုင်ပါစေကြောင်း။        ။