
ကင်ဘာရာ အောက်တိုဘာ ၁၁
ဩစတြေးလျနိုင်ငံမှအုပ်စု ၁၁ အုပ်စုမှာ အခြားသောနိုင်ငံများကို ကိုဗစ်-၁၉ ကာကွယ်ဆေးသန်းနှင့်ချီ၍ လှူဒါန်းမှုပြုလုပ်ရန်အတွက် ဩစတြေးလျအစိုးရကို တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ဩစတြေးလျနိုင်ငံကို ဒေသတွင်း ကိုဗစ် - ၁၉ ကာကွယ်ဆေး ထုတ်လုပ်သည့်နေရာ ဖြစ်လာစေရန် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအုပ်စု ၁၁ စုက တောင်းဆိုခဲ့ကြသည်။ ဩစတြေးလျအစိုးရ အနေဖြင့် ကာကွယ်ဆေးနောက်ထပ်သန်း ၂၀ ကို ကိုဗက် အစီအစဉ် မှတစ်ဆင့် လှူဒါန်းသင့်သည်ဟု ပြောကြားခဲ့ကြသည်။
ဝင်ငွေနည်းပါးသည့်နိုင်ငံ ၁၉ နိုင်ငံမှာ ယခုနှုန်းထားအတိုင်းသာကာကွယ်ဆေးထိုးသွားပါက ၂၀၃၀ မတိုင်မီအထိ နိုင်ငံရှိ အရွယ် ရောက်ပြီးသူ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးအပြည့်ထိုးပေးရန် မလွယ်ကူဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒယ်လ်တာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကိုကြည့်လျှင် ကမ္ဘာကြီး၏ ကျန်အစိတ် အပိုင်းတွင် ကပ်ရောဂါ၏ သက်ရောက်မှုများ ဖြစ်ပွားနေမည်ကိုဩစတြေးလျနိုင်ငံအနေဖြင့် မျက်စိပိတ်၍ထားရန်မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။ ဆင်ဟွာ