အာဖဂန်နစ္စတန်အတွက် အမေရိကန်နှင့် ဥရောပနိုင်ငံများ သံတမန်နည်းလမ်းဖြင့်ကြိုးပမ်း

 

ဝါရှင်တန်  စက်တင်ဘာ  ၅


ဩဂုတ်  ၃၀ ရက်တွင် အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာသွားပြီးသည့်နောက် အမေရိကန် နှင့် ဥရောပနိုင်ငံများသည် အာဖဂန်နစ္စတန်နိုင်ငံအတွက် ၎င်းတို့၏ သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းမှုများကို  ပြုလုပ်ခဲ့ကြသည်။ 


ယခင်အစိုးရအဖွဲ့၏ အဆင့်မြင့်အရာရှိကြီးများ နှင့် အုပ်စုခေါင်းဆောင်များနှင့် ဆွေးနွေးပြီး အစိုးရ သစ်ဖွဲ့ရန်   တာလီဘန်များက     စီစဉ်နေကြသည်။  ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး      ဒိုမနစ်ရက်ဘ်သည် စက်တင်ဘာ ၃ ရက်တွင် ပါကစ္စတန်နိုင်ငံသို့ သွားခဲ့ ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာလိုသည့် လူများအနေဖြင့် တတိယနိုင်ငံများသို့ ကုန်းလမ်းဖြင့် သွားနိုင်ရန် ဗြိတိန်နိုင်ငံနှင့် အခြားသော နိုင်ငံများက လိုလားလျက်ရှိသည်ဟု ပြောသည်။ 


အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများနှင့် ဒေသ တွင်း တည်ငြိမ်အေးချမ်းမှုတို့အတွက်  မိတ်ဖက် ပါကစ္စတန်နှင့် နီးကပ်စွာ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။ ဂျာမနီနှင့် နယ်သာလန်နိုင်ငံ တို့မှ  နိုင်ငံခြားရေးဝန်ကြီးများလည်း  ကာတာနိုင်ငံ သို့   ရောက်ရှိနေပြီး   အာဖဂန်နစ္စတန်နိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများနှင့်        လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ       အကူအညီများအတွက် ဆွေးနွေးခဲ့ကြသည်။  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့်       ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့သည်လည်း      စက်တင်ဘာ ၅  ရက်တွင်   ကာတာနိုင်ငံသို့    ရောက်ရှိကြောင်း သိရသည်။ 

အင်န်အိတ်ချ်ကေ