အာဖဂန်နစ္စတန်ကို ထောက်ပံ့ကူညီမှုများ ဆက်လက်ပြုလုပ်မည်ဟု အမေရိကန်သမ္မတပြော

 

ဝါရှင်တန်   ဇွန်   ၂၆


အမေရိကန်   ပြည်ထောင်စုသည် အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိ ကန် တပ်ဖွဲ့ဝင်များ       ထွက်ခွာသွား ပြီးနောက်        ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု     ရရှိစေရေးအတွက် ကူညီထောက်ပံ့ပေးမှုများ ဆက် လက် လုပ်ဆောင်မည်ဟု    အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်က   ပြော သည်။


 ဇွန် ၂၅ ရက်တွင် အမေရိကန် သမ္မတနှင့်   အာဖဂန်   နစ္စတန် သမ္မတ    အက်ရှရက်ဖ်ဂါနီတို့ အိမ်ဖြူတော်တွင်   တွေ့ဆုံခဲ့ကြ သည်။   အာဖဂန်နစ္စတန်အပေါ် သံတမန်အရေးနှင့်     စီးပွားရေး အတွက်   အကူအညီပေးမှုများမှာ ယခင်အတိုင်း         ဆက်လက် မပြောင်းလဲဘဲ ထောက်ပံ့ပေးမည် ဟု အမေရိကန်သမ္မတက   ပြော ကြားခဲ့သည်။ 


သို့သော်လည်း    အာဖဂန်နစ္စ တန်သည်   ကိုယ်ပိုင်အနာဂတ် အတွက်   ဆုံးဖြတ်ရမည်ဟုလည်း ပြောကြားခဲ့သည်။  နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို      အခြေခံကာ အမေရိကန် - အာဖဂန် ဆက်ဆံ ရေး ခြေလှမ်းသစ်အတွက် ကြိုဆို ကြောင်းပြောကြားခဲ့သည်။  


စက်တင်ဘာ   ၁၁   ရက်တွင် အာဖဂန်နစ္စတန်မြေပေါ်မှ အမေရိ ကန်            တပ်ဖွဲ့ဝင်များအားလုံး ရုပ်သိမ်းတော့မည်ဟု    ယခုနှစ် အစောပိုင်းတွင်   အမေရိကန် သမ္မတ   ဂျိုးဘိုင်ဒင်က  ကြေညာ ခဲ့သည်။ 


သို့သော်လည်း မေလအတွင်း မှစတင်ကာ အမေရိကန်တို့ဘက်မှ ဆုတ်ခွာမှုများ   စတင်ပြုလုပ်စဉ် တာလီဘန်တို့သည်         ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများ ကို ချဲ့ထွင်ခဲ့သည်။  


ထို့ပြင်          ဒေသတွင်းရှိ       အိုင်အက်စ်     စစ်သွေးကြွအုပ်စု သည်လည်း           ပြင်းထန်သည့် တိုက်ခိုက်မှုများကို             ပြုလုပ်ခဲ့ သည်။ 


အင်န်အိတ်ချ်ကေ