အာဖဂန်နစ္စတန်၌ ဆီးနှင်းများပြင်းထန်စွာကျဆင်းမှုကြောင့် ခုနစ်ဦးသေဆုံး 


 

ကဘူးလ်  ဇန်နဝါရီ   ၄ 
အာဖဂန်နစ္စတန်နိုင်ငံ၌ ဆီးနှင်း များ    ပြင်းထန်စွာကျဆင်းမှု ကြောင့်   ယာဉ်အသွားအလာများ ရှုပ်ထွေးမှုဖြစ်ပေါ်ခဲ့ပြီး    ခုနစ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ 
ထို့ပြင်  ဒဏ်ရာရရှိသူများ လည်းရှိကြောင်း ဒေသခံအာဏာ ပိုင်များက ဇန်နဝါရီ ၄ ရက်တွင် ပြောသည်။  မြောက်ပိုင်း ဂျော့ဂျန် ပြည်နယ်တွင် ယာဉ်နှစ်စင်းတိုက် မှုကြောင့်   လမ်းသွားလမ်းလာ တစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 
အရှေ့ပိုင်း နန်ဂဟာပြည်နယ် တွင်လည်း       တောင်ထူထပ် သော     အဝေးပြေးလမ်းမကြီး တစ်လျှောက် ယာဉ်ကြောပိတ် ဆို့မှုများဖြစ်ပေါ်ခဲ့ပြီး ခြောက်ဦး အသက်ဆုံးရှုံးကာ  ရှစ်ဦးထက် မနည်း    ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 
အနောက်ပိုင်း ဟီရတ်ပြည် နယ်တွင်လည်း လူ ခုနစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး   ဒေသတွင်းဆေးရုံတွင် တက်ရောက်ကာ ကုသမှုခံယူခဲ့ရ သည်။    အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်  ကဘူးလ်မြို့နှင့် ၆၄၀ ကီလိုမီတာအကွာရှိ   ကမာကွာ လာဒေသတွင်      ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ပြီး  ယခု  ကဲ့သို့ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့  ခြင်းဖြစ်သည်။               ဆင်ဟွာ