
ဝယ်လင်တန် စက်တင်ဘာ ၁၃
နယူးဇီလန်နိုင်ငံသည် အာဖဂန်နစ္စတန်တွင် လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရန် နယူးဇီလန်ဒေါ်လာသုံးသန်း ထောက်ပံ့ပေးခဲ့ သည်ဟု နိုင်ငံခြားရေးဝန်ကြီး နနာရာမဟူဒါက ပြောသည်။
အာဖဂန်နစ္စတန်တွင် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများ အမှန်တကယ် လိုအပ် နေကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးများ ထိခိုက်ခံစားနေရကြောင်း ၎င်းက ဆက်ပြော သည်။
ကုလသမဂ္ဂ၏ ခန့်မှန်းမှုအရ ရွှေ့ပြောင်းနေထိုင် သူ တစ်သန်းအနက် ၈၀ ရာခိုင်နှုန်းမှာ အမျိုးသမီး နှင့်ကလေးများဖြစ်သည်ဟု သိရသည်။
နယူးဇီလန်နိုင်ငံသည် ယူနီဆက်ဖ်နှင့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့တို့ထံ ကူညီ ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိသည်။
ဆင်ဟွာ