အာဖဂန်နစ္စတန်ရှိ သံရုံးဝန်ထမ်းများကို ကယ်တင်ရန် အမေရိကန်က တပ်ဖွဲ့ဝင်များ စေလွှတ်မည်

 

ကေကေစိုး

အာဖဂန်နစ္စတန်တွင်  တာလီဘန်တို့၏ နယ်မြေချဲ့ထွင်မှုများ  တစ်ရှိန်ထိုးများပြား လာရာ   ယခုအခါ     အဓိကမြို့တော် အတော်များများကို သိမ်းပိုက်ခဲ့သည်။
တပ်ဖွဲ့ဝင်များစေလွှတ်သွားမည် 
တာလီဘန်တို့သည် အာဖဂန်နစ္စတန် နိုင်ငံ၏   ဒုတိယအကြီးဆုံး   မြို့တော် ကန်ဒဟာကို သိမ်းပိုက်နိုင်ခဲ့ပြီဟု ဩဂုတ် ၁၃ ရက်က     ကြေညာခဲ့ရာ    အမေရိကန် ပြည်ထောင်စုသည်     အာဖဂန်နစ္စတန်မှ  အမေရိကန်များကို     ကယ်ထုတ်နိုင်ရေး အတွက် တပ်ဖွဲ့ဝင်များ  စေလွှတ်သွား မည်ဖြစ်သည်။ ရှစ်ရက်ကြာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရလက်ထဲ တွင်     မြို့တော်အပါအဝင်     နယ်မြေ အချို့သာ  ကျန်ရစ်ခဲ့သည်။ ကန်ဒဟာကို သိမ်းပိုက်နိုင်ခဲ့ပြီဟု  တာလီဘန်ပြောရေး  ဆိုခွင့်ရှိသူက         ကြေညာပြီးနောက် မကြာမီ   အမေရိကန်ဘက်မှ   ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။ 
နေရာရွှေ့ပြောင်းပေးခဲ့ 
ယခုအခါ       အာဖဂန်အစိုးရက တိုင်းပြည်နေရာ    အစိတ်အပိုင်း  တော် တော်များများကို  ထိန်းချုပ်နိုင်မှုဆုံးရှုံးသွားပြီဖြစ်သည်။     အမေရိကန်တို့က ဩဂုတ်လကုန်ပိုင်းတွင် အာဖဂန်မြေပေါ် မှ အပြီးတိုင်   ဆုတ်ခွာတော့မည်ဖြစ်ရာယင်းမတိုင်မီ တာလီဘန်တို့၏    နယ်မြေ ချဲ့ထွင်မှုမှာ  တဖြည်းဖြည်း   များပြား လာသည်။ အမေရိကန်နှင့်   ဗြိတိန်တို့ သည်   ၎င်းတို့၏ သံရုံးများမှ ဝန်ထမ်းများ နှင့်   နိုင်ငံသားများကို   မြို့တော်သို့ အလျင်အမြန်   နေရာရွှေ့ပြောင်းပေးခဲ့ ကြသည်။   လုံခြုံရေးအခြေအနေပေါ် မူတည်၍  ကဘူးလ်မြို့တွင်  ထားရှိမည့် နိုင်ငံသားအရေအတွက်ကို လျှော့ချသွား မည်ဟုလည်း    အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန     ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က  သတင်းထောက်များကို ပြောသည်။ 
ဗြိတိန်ကလည်း တပ်ဖွဲ့ဝင်များ စေလွှတ် သွားမည် 
သံရုံးမှာမူ ဆက်လက်ဖွင့်လှစ်ထားဦး မည်ဟု ၎င်းက  ပြောသည်။ လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း အမေရိကန်တပ်ဖွဲ့ ဝင် ၃၀၀၀ ကို ကဘူးလ်မြို့တွင် တပ်ဖြန့် ချထားမည်ဟု ပင်တဂွန်က ပြောသည်။ သို့သော်လည်း ၎င်းတို့ကို  တာလီဘန်များ အား   တိုက်ခိုက်ရာတွင်  အသုံးပြုသွား မည်မဟုတ်ဟု ဆက်ပြောသည်။ ဗြိတိန် နိုင်ငံသည်လည်း ၎င်းတို့၏ နိုင်ငံသားများ ကို ကယ်တင်ရန်နှင့်    ဗြိတိန်နှင့်အတူ လက်တွဲလုပ်ဆောင်ခဲ့၍      အသက် အန္တရာယ်    ခြိမ်းခြောက်ခံနေရသည့် အာဖဂန်ဝန်ထမ်းများကို  နေရာပြန်လည် ချထားရာတွင်   ထောက်ပံ့ပေးသွားရန် တပ်ဖွဲ့ဝင် ၆၀၀ ကို စေလွှတ်သွားမည်ဟု  ဗြိတိန်ကာကွယ်ရေးဝန်ကြီး    ဘန်ဝေါ လေ့စ်က ပြောသည်။
လေယာဉ်များစေလွှတ်သွားမည်
အမေရိကန်ပြည်ထောင်စုသည် အာဖဂန်မှ စကားပြန်များနှင့် အမေရိကန် တို့နှင့်အတူ   လက်တွဲအလုပ်လုပ်ကိုင်ခဲ့ သည့်အတွက်         အသက်အန္တရာယ် ခြိမ်းခြောက်ခံရသူများကို ကယ်တင်နိုင် ရေး နေ့စဉ်လေယာဉ်များ စေလွှတ်သွား မည်ဟု   နက်ပရိုက်စ်က    ပြောသည်။ အာဖဂန်အစိုးရ      တပ်များသည်လည်း ဩဂုတ် ၁၂ ရက်နေ့တွင်    ဟီရတ်မြို့မှ ဆုတ်ခွာခဲ့ကြသည်။ နောက်ထပ်ပျက်စီး ဆုံးရှုံးမှုများမှ အကာအကွယ်ပေးနိုင်ရေး အတွက် ဆုတ်ခွာမှုများ ပြုလုပ်ခဲ့သည်ဟု  အဆင့်မြင့်           လုံခြုံရေးအရာရှိက  အေအက်ဖ်ပီသို့ ပြောသည်။ 
ပူးတွဲကြေညာချက်ထုတ်ပြန် 
ဟီရတ်မြို့ဒေသခံ         တစ်ဦးကမူ တာလီဘန်တို့ မြို့အတွင်းဝင်ရောက်လာ ပြီး   ၎င်းတို့၏   အလံများကို  နေရာအနှံ့ လွှင့်ထူထားသည်ဟု     အေအက်ဖ်ပီသို့ ပြောသည်။ ဩဂုတ် ၁၂ ရက်တွင် ဂါ့ဇနီ မြို့မှာ   တာလီဘန်တို့   လက်အောက်သို့ ကျရောက်သွားပြီဟု ပြည်ထဲရေးဝန်ကြီး က      အတည်ပြုပြောကြားခဲ့သည်။ အနောက်မြောက်ပိုင်း ပြည်နယ်ဖြစ်သည့် ဘတ်ဂ်ဟစ်ပြည်နယ်         မြို့တော် ကာလာအီနော်မှာလည်း  ဩဂုတ် ၁၂ ရက်တွင်   တာလီဘန်တို့လက်အောက် သို့ ကျရောက်သွားပြီဖြစ်သည်။  အမေရိ ကန်ပြည်ထောင်စု၊  ပါကစ္စတန်၊ ဥရောပ သမဂ္ဂနှင့်          တရုတ်နိုင်ငံတို့ကလည်း စစ်အင်အားကို    အသုံးပြုထားသည့် မည်သည့်အစိုးရကိုမျှ      လက်ခံမည် မဟုတ်ဟု ပူးတွဲကြေညာချက် ထုတ်ပြန် ထားသည်။
အပြစ်တင်ခံနေရ 
စေ့စပ်ညှိနှိုင်း    အဖြေရှာရန်သာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ    နက်ပရိုက်စ်က ပြောသည်။ လက်ရှိဖရိုဖရဲဖြစ်နေသည့်အခြေအနေများကို သမ္မတ  ဂျိုးဘိုင်ဒင်က စိတ်ပျက်မိကြောင်း         ထပ်တလဲလဲ ပြောဆိုခဲ့သည်။ လွှတ်တော်တွင်လည်းသမ္မတဂျိုးဘိုင်ဒင်သည်   ဖိအားများနှင့် ရင်ဆိုင်နေရပြီး   ၎င်း၏   အဆင်အခြင်မဲ့ သည့် မူဝါဒကြောင့်ဟု အပြစ်တင်ခံနေရ သည်။ 
ပဋိပက္ခများ အရှိန်ကောင်းလာ 
ဆယ်စုနှစ်နှစ်စုကြာ      အာဖဂန် မြေပေါ်၌ရှိနေပြီးနောက်     ဩဂုတ်လ နှောင်းပိုင်းတွင်    အမေရိကန်တပ်များ ဆုတ်ခွာတော့မည်ဟု ကြေညာပြီးနောက် မေလအတွင်းမှစတင်ကာ  ပဋိပက္ခများအရှိန်ကောင်းလာခြင်းဖြစ်သည်။   ပြီးခဲ့ သည့် သီတင်းပတ်အတွင်း  တာလီဘန် များသည်     ပြည်နယ်မြို့တော်အချို့ကို သိမ်းယူနိုင်ခဲ့သည်။ တိုင်းပြည်တစ်လွှားတိုက်ပွဲများကြောင့်    ရာနှင့်ထောင်နှင့် ချီသည့်    ပြည်သူများသည်    နေရာ ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြရသည်။
 ရွှေ့ပြောင်းလာသူများနှင့်ပြည့်နှက်နေ 
 မကြာသေးမီ        ရက်ပိုင်းအတွင်း အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်တွင်  နေရပ်ရွှေ့ပြောင်းလာသူများနှင့် ပြည့် နှက်နေခဲ့သည်။  နေရပ်စွန့်ခွာလာကြသူ များမှာ     ပန်းခြံများနှင့်   အခြားသော အများပြည်သူနှင့် သက်ဆိုင်သည့်နေရာ များတွင်    အုပ်စုဖွဲ့ကာနေထိုင်နေကြ သည်။  ထို့ကြောင့်   လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း သစ်တစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။ 
ဂျာမနီဘက်မှ အကူအညီဆက်ပေးတော့ မည်မဟုတ် 
ဂျာမနီနိုင်ငံဘက်မှလည်း အကယ်၍ တာလီဘန်တို့သာ  အာဖဂန်နစ္စတန်ကို အာဏာပိုထိန်းချုပ်သွားနိုင်ပါက ဂျာမနီ က အကူအညီများ ဆက်လက်ပေးတော့ မည်မဟုတ်ဟု       ဂျာမနီနိုင်ငံခြားရေး ဝန်ကြီး ဟိုက်ကိုမက်စ်က ပြောသည်။ တာလီဘန်တို့ကသာ      တိုင်းပြည်ကို အလုံးစုံထိန်းချုပ်နိုင်ပြီး ရှရီယာ   ဥပဒေ အတိုင်းသာ အုပ်ချုပ်သွားပါက ဂျာမနီ နိုင်ငံသည်     အာဖဂန်နစ္စတန်နိုင်ငံကို တစ်ပြားတစ်ချပ်မှ  အကူအညီပေးတော့ မည်မဟုတ်ဟု    ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးက    ဂျာမနီပြည်သူ့ကွန်ရက်ဖြစ် သည့် အေအာဒီနှင့် ဇက်ဒီအက်ဖ်တို့တွင် အသံလွှင့်သွားသည်။ 
ကတိပြုထား 
အပြည်ပြည်ဆိုင်ရာမှ အကူအညီ များ မရရှိဘဲ အာဖဂန်နစ္စတန်နိုင်ငံအနေ ဖြင့် ဆက်လက်ရှင်သန်ရန်   မဖြစ်နိုင်ဟု လည်း ၎င်းက  ဆက်လက်ပြောကြား သည်။ ဂျာမနီနိုင်ငံသည် အာဖဂန်နစ္စတန် သို့ တစ်နှစ်လျှင်   ယူရို   သန်း  ၄၃၀ ထောက်ပံ့လေ့ရှိသည်။  ၂၀၂၄  ခုနှစ် မတိုင်မီအထိ ဆက်လက်ထောက်ပံ့သွား ရန် ကတိပြုထားသည်။ အာဖဂန်နစ္စတန် တွင်လည်း ဇွန်လမတိုင်မီအထိ နှစ်ပေါင်း ၂၀ နီးပါး  တပ်ဖြန့်ချထားခဲ့သည်။      ။
ကိုးကား 
အေအက်ဖ်ပီ၊ဆင်ဟွာ