
ကဘူးလ် နိုဝင်ဘာ ၂၈
အာဖဂန်နစ္စတန်တွင် တာလီဘန် ကြားဖြတ်အစိုးရ ခေတ္တဝန်ကြီးချုပ် က ပညာရေးကဏ္ဍတွင် အမျိုး သားများသာမက အမျိုးသမီးများ ပါ မဖြစ်မနေ ပညာသင်ကြားရမည် ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ခွင့်ပြုထားသည့် အခြေအနေ အောက်တွင် အမျိုးသမီးများပါ စာသင်ကျောင်းသို့ သွားရောက် ပညာသင်ခွင့်ရရှိမည် ဖြစ်သည်။ မြို့တော်ကဘူးလ်နှင့် အခြား သောနေရာများတွင် အမျိုးသမီး များ အလယ်တန်းကျောင်းသို့ ဝင်ရောက်ခွင့် မပြုဟူသော ခေါင်းစဉ်ကို ခေတ္တဝန်ကြီးချုပ် မူလာဟတ်ဆန်အာကန်က ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မိန့်ခွန်းကို နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အသံ လွှင့်ခဲ့သည်။ ပညာရေးမှာ ကျား မ မရွေး အရေးကြီးသည်ဟု ၎င်းက ပြောကြားခဲ့သည်။
အမျိုးသား၊ အမျိုးသမီး သီးခြားခွဲ၍ စာသင်ကြားပေးရန် ကျောင်းများ၌ အဆင်သင့်ပြင်ဆင် ပြီးပါက အမျိုးသမီးများလည်း စာသင်ကျောင်းသို့ သွားနိုင်မည်ဟု ၎င်းကပြောသည်။ အာဖဂန်နစ္စတန် ရှိ အမျိုးသမီးများမှာ နေရာအနှံ့သို့ သွားနိုင်ပြီး ပညာရေးနှင့် အလုပ် အကိုင် အခွင့်အလမ်းများလည်း ရရှိနိုင်သည်ဟု ၎င်းက ဆက် ပြောသည်။
တာလီဘန်တို့ ကြားဖြတ် အစိုးရဖွဲ့စည်းပြီးနောက် ပထမ ဆုံးအကြိမ်အဖြစ် မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုလို အမျိုးသမီးများ၏ အခွင့်အရေးကို လေးစားကြောင်းပြသသည့် အပြု အမူကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှလည်း လက်ခံ မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
အင်န်အိတ်ချ်ကေ