အာဖဂန်နိုင်ငံအတွင်းမှ ကာတာကယ်ဆယ်ရေးအထူးလေယာဉ်

 

နှင်းမိုးအိမ်

အသစ်ပြန်လည် လည်ပတ်နေပြီဖြစ်သည့် ကဘူးလ် မြို့ လေဆိပ်ထွက်ခွာရာခန်းမတွင်  ခရီးသည်များ သည် နာရီပေါင်းများစွာကြာအောင်  နောက်ထွက် မည့် လေယာဉ်ကို စောင့်ဆိုင်းနေကြသည်။ 
ပထမဆုံးအကြိမ် ပြေးဆွဲခြင်း 
အမေရိကန်တပ်ဖွဲ့များ     အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာသွားပြီးသည့်နောက်   မြို့တော်ကဘူးလ်မှ ပထမဆုံး  အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ်ပြေးဆွဲခြင်းလည်းဖြစ်သည်။    ဩဂုတ်လလယ်က တာလီဘန်တို့   အာဖဂန်နစ္စတန်ကို    သိမ်းယူပြီး နောက် လူပေါင်း  ၁၂၀၀၀၀  ကျော်မှာ အမေရိကန် ဦးဆောင်သည့်    ကယ်ဆယ်ရေးအစီအစဉ်အရ  ကဘူးလ်မြို့လေဆိပ်မှတစ်ဆင့် ထွက်ခွာခဲ့ကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ဗုံးပေါက်ကွဲမှုနှင့် ဖရိုဖရဲဖြစ်မှုများကြောင့်   အနှောင့်အယှက် အဟန့် အတားများဖြင့် ကြုံတွေ့ခဲ့ရသည်။ 
လေယာဉ်ပြေးဆွဲ 
အမေရိကန်တပ်ဖွဲ့များ    အာဖဂန်နစ္စတန်မှ ထွက်ခွာသွားပြီးနောက် ၁၀ ရက်အကြာတွင် ကာတာလေကြောင်းလိုင်းမှ  လေယာဉ်တစ်စင်းသည်  ကဘူးလ်မြို့လေဆိပ်တွင်     ဆင်းသက်ခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံအတွင်း   သောင်တင်နေသည့် နိုင်ငံခြားသားများနှင့် အာဖဂန်များကို တာလီဘန်တို့ ထိန်းချုပ်ထားရာနယ်မြေမှ     ကယ်ထုတ်ရန် လေယာဉ်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ 
ထွက်ခွာနိုင်ရေးကြိုးပမ်းခဲ့ 
အာဖဂန်အမေရိကန်  နှစ်နိုင်ငံသားခံယူထား သည့်    ခရီးသည်တစ်ဦးကမူ   ၎င်းတို့မိသားစု ခြောက်ဦးလုံးမှာ  တာလီဘန်တို့   ထိန်းချုပ်ထားပြီး ကတည်းက နိုင်ငံအတွင်းမှ ထွက်ခွာနိုင်ရေးကြိုးပမ်း ခဲ့ကြောင်း၊ သို့သော်လည်း စစ်ဆေးရေးဂိတ်ကိုပင် မကျော်နိုင်ကြောင်းနှင့်   တိုက်ခိုက်ရေးသမားများ၏ ရိုက်နှက်မှုကိုလည်းခံရကြောင်း ပြောသည်။ မိခင်နှင့် ညီအစ်ကိုများကို   ထားရစ်ကာ  ထွက်ခွာခဲ့ရသည့် အတွက် စိတ်ခံစားချက်များ ရောထွေးနေကြောင်းနှင့်  လုံခြုံစိတ်ချရသည်ဟု  မခံစားရကြောင်း  ၎င်းက ပြောသည်။ 
ပြိုလဲနေ 
၎င်း၏ ကလေးများကမူ ထွက်ခွာခွင့်ရသွားသည့် အတွက် စိတ်လှုပ်ရှားနေကြကြောင်း ၎င်းက ဆက် ပြောသည်။  လေဆိပ်ရှိ ထွက်ခွာရာအပေါက်များသည် နိုင်ငံအတွင်းမှ  နိုင်ငံခြားတပ်များ ထွက်ခွာသွားပြီး နောက် ဖရိုဖရဲအခြေအနေများကြောင့် မမှတ်မိဖွယ် ရာ အခြေအနေများဖြစ်နေသည်။ တာလီဘန်တို့ ထိန်းချုပ်ထားသည့်  အစောပိုင်းကာလအခြေအနေ များကြောင့် အဆောက်အအုံမှာ အမှိုက်ပုံသဖွယ်ဖြစ် နေပြီး ခရီးသည်များ စောင့်ဆိုင်းရာခန်းမမှာလည်း ပျက်စီးယိုယွင်းကာ    အရေးပါသည့်    အခြေခံ အဆောက်အအုံမှာလည်း အပိုင်းပိုင်းအစစ ပြိုလဲနေ သည်။
ယာယီချိတ်ဆွဲထား 
သို့သော်လည်းကာတာနိုင်ငံမှ    ရှင်းလင်းရေး အဖွဲ့   ရောက်လာပြီးနောက်   အဆောက်အအုံကို အပြည်ပြည်ဆိုင်ရာ     လေဆိပ်ထွက်ပေါက်ပုံစံ ပြင်ဆင်ခဲ့သည်။ စစ်ရေးရာဧရိယာတွင်  ကြိုဆိုပါ၏ ဆိုင်းဘုတ်ကို ယာယီချိတ်ဆွဲထားသည်။ ခုံများပေါ် တွင် ရုပ်မြင်သံကြားစက်အသစ်များ ထားရှိထားပြီး ခရီးသည်များ   စောင့်ဆိုင်းတန်းစီရသည့်   လမ်း ကြောင်းကိုလည်း သေသေသပ်သပ်  ပြုလုပ်ထား သည်။ လေယာဉ်ပျံသန်းမှုခရီးစဉ်အတွက်  ကာတာ တပ်ဖွဲ့ဝင်များက    စောင့်ကြပ်ပေးပြီး   ၎င်းတို့မှာ ဝတ်စုံအမည်းဝတ်ဆင်ထားကာ လက်နက်ကြီးများ ကိုင်ဆောင်ထားသည်။ 
စိတ်လှုပ်ရှားနေကြ 
တာလီဘန်များသည်   လေဆိပ်ပတ်ဝန်းကျင် အချို့သောနေရာများတွင်နေရာယူထားပြီး အထူး သဖြင့် လေယာဉ်ပြေးလမ်းကြောင်းအနီးတွင် နေရာ ယူထားသည်။ ပြေးလမ်းပေါ်တွင် ဓာတ်ပုံရိုက်နေ ကြသူများကို    ကာတာလုံခြုံရေးအရာရှိများက လာရောက်ခေါ်ယူခဲ့ပြီး လေယာဉ်အချိန်မီ ထွက်ခွာ နိုင်ရေးလုပ်ဆောင်ပေးခဲ့ကြသည်။  အာဖဂန်နိုင်ငံ အတွင်းမှ ကယ်ဆယ်ရေးအထူးလေယာဉ် ပျံသန်း နိုင်ခဲ့သည့်အတွက် ခရီးသည်များလည်းစိတ်လှုပ်ရှား နေကြသည်။ 
သတိပေးထား 
အာဖဂန်နစ္စတန်ကို တာလီဘန်များ ထိန်းချုပ် နိုင်ခဲ့ပြီးနောက် လူသေမှုများ လျှော့ချနိုင်ရေးအတွက် တာလီဘန်များနှင့်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းနှင့်အတူ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာ ရက်စ်က ကတိပြုခဲ့သည်။ စက်တင်ဘာ ၉ ရက် အေအက်ဖ်ပီနှင့်  ပြုလုပ်သည့်    အင်တာဗျူးတွင် အာဖဂန်နစ္စတန်တွင် တာလီဘန်များနှင့် ဆွေးနွေး ညှိနှိုင်းမှုပြုလုပ်ရန်    ပြောကြားခဲ့ခြင်းဖြစ်သည်။  လူ့အသက်ပေါင်းများစွာ သေကျေပျက်စီးခြင်းနှင့် စီးပွားရေးပြိုလဲကျမှုတို့ကို ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက သတိပေးထားသည်။ 
ဆွေးနွေးပွဲပြုလုပ်ရမည် 
ယင်းအခြေအနေများကို    ရှောင်ရှားနိုင်ရေး အတွက် ဆွေးနွေးပွဲများပြုလုပ်ရန်လည်း  ၎င်းက ပြောကြားခဲ့သည်။ တာလီဘန်များနှင့် စေ့စပ်ညှိနှိုင်း မှုကို  ဆက်လက်ပြုလုပ်ရမည်ဖြစ်ပြီး  ဆာလောင် မွတ်သိပ်မှုကြောင့်   သေဆုံးရမည့် လူသန်းပေါင်းများ စွာအတွက်   ကူညီထောက်ပံ့မှုများ   ပေးနိုင်ရေး  တာဝန်ရှိသည်ဟုလည်း ၎င်းကပြောသည်။ ဆွေးနွေး ညှိနှိုင်းမှုရလဒ်မှာ    မည်သည့်ရလဒ်များရမည်ကို အာမခံမပြောနိုင်သော်လည်း ဆွေးနွေးမှုကို မဖြစ် မနေပြုလုပ်ရမည်ဖြစ်သည်။
အလုံးစုံပါဝင်သည့် အစိုးရဖွဲ့စည်းရန်ဖြစ် 
 အကယ်၍ အာဖဂန်ကို အကြမ်းဖက်သမားများ ၏      ဗဟိုမဖြစ်စေလိုလျှင်၊    အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လူ့အခွင့်အရေးမဆုံးရှုံးစေလိုလျှင်   ဆွေးနွေးညှိနှိုင်းမှုများကို   မဖြစ်မနေ လုပ်ဆောင်ရမည်ဟု ၎င်းက ပြောသည်။ ကုလသမဂ္ဂ ၏ ဆန္ဒမှာ အလုံးစုံပါဝင်သည့် အစိုးရအဖွဲ့ ဖွဲ့စည်း ရန်ပင်ဖြစ်သည်။  အာဖဂန်နစ္စတန်ရှိ  လူ့အသိုင်း အဝိုင်း  အားလုံးကို   ကိုယ်စားပြုသည့်  အစိုးရအဖွဲ့ ဖြစ်ရန်ပင်ဖြစ်သည်ဟု  ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်   အန်တိုနီယိုဂူတာရက်စ်က ပြောသည်။ 
လူ့အခွင့်အရေးကို လေးစားရန်လိုအပ် 
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပထမဆုံး ပါလီမန် အစိုးရကို ကြေညာခဲ့ပြီး  လူ့အသိုင်းအဝိုင်းအားလုံးကို ကိုယ်စားပြုသည့်  အစိုးရဟူသော  ထင်မြင်ချက်မျိုး မရခဲ့ကြောင်းကိုလည်း ၎င်းက ထည့်သွင်းပြောကြား ခဲ့သည်။  လူ့အခွင့်အရေး၊     အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးကို  လေးစားရန် လိုအပ်သည်ဟုလည်း ဂူတာရက်စ်က ပြောသည်။ 
ရှောင်လွှဲနိုင်ရန်လိုအပ် 
ထို့ပြင် အကြမ်းဖက်သမားများ တာလီဘန်တွင် ခိုအောင်းမနေစေရန်နှင့်  မူးယစ်ဆေးတိုက်ဖျက် ရေးတို့တွင် တာလီဘန်များ ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊    ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့်အတူ ပြည်သူများ၏ အခွင့်အရေးကို လေးစားကာ  အာဖဂန် နစ္စတန်ကို  အုပ်ချုပ်သွားရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။ စီးပွားရေးပြိုလဲမှုကြောင့် လူသား ချင်း   စာနာထောက်ထားမှုဆိုင်ရာ     ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်သည့်အတွက်  ယင်း အခြေအနေ ကို     ရှောင်လွှဲနိုင်ရန်   လိုအပ်ကြောင်းလည်း ကုလသမဂ္ဂ        အထွေထွေအတွင်းရေးမှူးချုပ်က ပြောသည်။ 
စီးပွားရေးအသက်ရှူချောင်စေရေးကို ဦးတည် 
ယခုလိုပြောကြားနေခြင်းမှာ     အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းတစ်ခုလုံး၏  အကျိုးစီးပွား ဖြစ်ပြီး ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် သို့မဟုတ် အသိအမှတ်ပြုရန်အတွက်    ပြောကြားနေခြင်း မဟုတ်ကြောင်း        အာဖဂန်စီးပွားရေးအတွက် အသက်ရှူချောင်စေရေးကိုသာ ဦးတည်ပြောကြား ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။       ။                  
ကိုးကား - အေအက်ဖ်ပီ