အာဖဂန်တပ်ဖွဲ့ဝင်များကို ကူညီရန်အတွက် အမေရိကန်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်

 

ဝါရှင်တန်  ဇူလိုင်  ၂၃


 ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်တပ်ဖွဲ့သည် အာဖဂန်နစ္စတန်တွင်     လေကြောင်းတိုက်ခိုက်မှု များပြုလုပ်ခဲ့ပြီး   ယင်းသို့ပြုလုပ်ခြင်းမှာ  အာဖဂန် အစိုးရတပ်များကို  ထောက်ပံ့ပေးရန်အတွက်ဖြစ် သည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၂၂ ရက်တွင် ပြောသည်။ 
အာဖဂန်အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး တပ်ကို အထောက်အပံ့ဖြစ်စေရေးအတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း      လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု  ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောသည်။ 


သို့သော်လည်း အသေးစိတ်အချက်အလက်များ ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။ ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် အာဖဂန်တပ်ဖွဲ့များကို အကူအညီပေး နိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ကာကွယ်ရေး   အရာရှိ တစ်ဦးက ပြောသည်။ 
လေကြောင်းတိုက်ခိုက်မှုနှစ်ခုမှာ     အာဖဂန် တပ်ဖွဲ့ဝင်များထံမှ  တာလီဘန်တို့  ယူဆောင်သွား သည့် လက်နက်ကိရိယာများကို ပစ်မှတ်ထားခဲ့ပြီး နောက်နှစ်ကြိမ်မှာ တာလီဘန်တိုက်ခိုက်ရေးသမား များကို ပစ်မှတ်ထားခဲ့သည်ဟု သိရသည်။ 


အမေရိကန်တပ်ဖွဲ့ဝင်များ    အာဖဂန်မြေပေါ်မှ ဆုတ်ခွာရန် နီးကပ်လာချိန် အာဖဂန်၌    လုံခြုံရေး အခြေအနေများ ပျက်ပြားလာရပြီးနောက် ယခုလို လေကြောင်းတိုက်ခိုက်မှု     ဖြစ်ပွားခဲ့ခြင်း   ဖြစ် သည်၊။                                                

ဆင်ဟွာ