
ဖနောင်ပင် နိုဝင်ဘာ ၃၀
ကမ္ဘောဒီးယားနိုင်ငံသည် အာဖရိက ၁၀ နိုင်ငံအပေါ် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်ကို နိုဝင်ဘာ ၂၉ ရက်က ချမှတ်ခဲ့သည်ဟု သိရသည်။
ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်မှုများကြောင့် ယခုလို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး မမ် ဘန်ဟမ်က ပြောသည်။ ကန့်သတ်ချက်များချမှတ်ခဲ့သည့် ၁၀ နိုင်ငံမှာ ဘော့ဆွာနာ၊ အက်စ်ဝါတနီ၊ လီဆိုသို၊ မိုဇမ်ဘစ်၊နမ်မီးဘီးယား၊ တောင်အာဖရိက၊ ဇင်ဘာဘွေ၊ မာလာဝီ၊ အင်ဂိုလာနှင့်ဇမ်ဘီယာတို့ ဖြစ်ကြ သည်။
ပြီးခဲ့သည့် သုံးပတ်အတွင်း အဆိုပါနိုင်ငံ ၁၀ နိုင်ငံသို့ ခရီးသွားခဲ့ကြသည့်သူများကိုလည်း ကမ္ဘောဒီးယား နိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်ထားကြောင်း သိရသည်။
ဆင်ဟွာ