အာဖရိက၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၆၄၁၅၄၁၃ ဦးရှိလာ

အဒစ်အဘာဘာ   ဇူလိုင်   ၂၅ 

 


အာဖရိက၌ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆၄၁၅၄၁၃ ဦးရှိပြီး အဆိုပါ ရောဂါကြောင့်  သေဆုံးသူပေါင်း  ၁၆၂၈၇၅  ဦး ရှိကြောင်း     တောင်အာဖရိကရောဂါကာကွယ် ထိန်းချုပ်ရေးစင်တာက ယနေ့ သတင်းထုတ်ပြန် သည်။ 

 


ရောဂါမှ ပြန်လည်ကျန်းမာလာသည့်အတွက်  ဆေးရုံများမှ ပြန်လည်ဆင်းသွားသူပေါင်း ၅၆၃၀၅၆၄ ဦးရှိသည်။ 
ထို့ပြင် ဒေသတွင်းရှိ ဗိုင်းရပ်စ်ကူးစက်ခံရသည့် နိုင်ငံများအနက်  တောင်အာဖရိက၊  မော်ရိုကို၊ တူနီးရှား၊ အီဂျစ်နှင့် အီသီယိုးပီးယားနိုင်ငံများသည်  ကိုဗစ်-၁၉ ရောဂါကူးစက်မှုဒဏ်ကို ဆိုးရွားစွာခံစား နေရသည်။ 

 


တောင်အာဖရိကနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၂၃၅၆၀၄၉ ဦးရှိပြီး မော်ရိုကိုနိုင်ငံ၌ ၅၆၉၆၆၈ ဦးရှိကြောင်း သိရသည်။ 

 


အာဖရိကတောင်ပိုင်းသည်  ရောဂါကူးစက်မှု အရေအတွက် အမြင့်မားဆုံးဖြစ်ပြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည်  ရောဂါကူးစက်မှုအရေအတွက် ဒုတိယအများဆုံးဖြစ်သည်။    ဗဟိုအာဖရိကတွင် ရောဂါကူးစက်မှုအနည်းဆုံးဖြစ်ကြောင်း အာဖရိကရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ထုတ်ပြန် ချက်အရ သိရသည်။              

 

 ကိုးကား- ဆင်ဟွာ၊ 
ဘာသာပြန်- အောင်ကျော်ကျော်