
အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှ ဘာကီနာ ဖာဆိုအသင်းနှင့် တူနီးရှားအသင်း တို့ပွဲစဉ်ကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာကီနာဖာဆိုအသင်းက တစ်ဂိုး -ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီး ဖိုင်နယ်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။
၁၆ သင်းအဆင့်တွင် နာမည် ကြီး ဂါဘွန်အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်၌ အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်း လာနိုင်ခဲ့သော ဘာကီနာဖာဆို အသင်းသည် ယခုပွဲစဉ်တွင် ပြိုင်ဘက် တူနီးရှားအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပထမပိုင်း ပွဲချိန်ပြည့်ခါနီးတွင် ရရှိခဲ့သော ကွာတာရာ၏ တစ်လုံး တည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိ ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။
ကွာတားဖိုင်နယ် ပွဲစဉ်ဖြစ် သည့်အတွက် နှစ်သင်းစလုံးကစား သမား အစုံအလင်ဖြင့်ပွဲထွက်လာ ပြီး ပွဲမှာ အပြန်အလှန် ထိုးဖောက် မှုများဖြင့် အကြိတ်အနယ်ရှိကာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ဘာကီ နာဖာဆိုအသင်းသည် ယခုပွဲစဉ်တွင်
ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့သော်လည်း ပြိုင်ဘက်အသင်းထက် သာလွန်သည့် ကစားဟန်ကို ပြသနိုင်ခဲ့ပြီး လိုအပ်သည့်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ သည်။ ဘာကီနာဖာဆိုအသင်းသည် ဆီမီးဖိုင်နယ် တွင် ဆီနီဂေါနှင့် ဂီနီအသင်းတို့ထဲမှ အနိုင်ရရှိမည့် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဘာကီနာဖာဆိုမှ ကွာတာရာ ပွဲချိန် ၈၃မိနစ်တွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့်အတွက် ဘာကီ နာဖာဆိုအသင်း နစ်နာခဲ့ရသည်။ ထို့ကြောင့် ဘာကီ နာဖာဆိုအသင်းသည် ဆီမီးဖိုင်နယ်ပွဲတွင် ကွာတာရာ မပါဘဲ ယှဉ်ပြိုင်ကစားရတော့မည် ဖြစ်သည်။
အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဂမ်ဘီယာနှင့် အိမ်ရှင်ကင်မရွန်းအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကာ အိမ်ရှင်ကင်မရွန်းအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ကင်မရွန်းအသင်း အတွက်ရရှိခဲ့သော သွင်းဂိုးနှစ်ဂိုးကို အီကမ်ဘီက ပွဲချိန် မိနစ် ၅၀နှင့် ၅၇ မိနစ်တို့တွင် တစ်ဦးတည်း သွင်းယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် အိမ်ရှင်ကင်မရွန်း အသင်းသည် ဆီမီးဖိုင်နယ်တွင် အီဂျစ်နှင့် မော်ရိုကို အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အောင်ဇော်