
ဂျနီဗာ ဇူလိုင် ၉
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) သည် အာဖရိသမဂ္ဂအဖွဲ့ဝင် ၅၅ နိုင်ငံသို့ ၂၀၂၂ နှစ် ကုန်ပိုင်းတွင် Johnson & Johnson ကိုဗစ် -၁၉ ကာကွယ်ဆေး ထောက်ပံ့သွားရန် ဂျန်ဆန်ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီနှင့် သဘောတူလက်မှတ်ရေးထိုးထားကြောင်းဇူလိုင် ၈ ရက်တွင် ကြေညာခဲ့ သည်။
ပေးပို့သွားမည်
၎င်းတို့ထဲမှ ၃၅ သန်းကို ၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်း တွင် ပေးပို့သွားမည်ဖြစ်သည်ဟု ယူနီဆက်ဖ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
မျှတမှုမရှိ
အာဖရိက နိုင်ငံများအနေဖြင့် ကာကွယ်ဆေးကို လျင်လျင်မြန်မြန်ဖြင့် လက်လှမ်းမှီစေရမည်ဖြစ်ပြီး ကာကွယ် ဆေးရရှိမှုမှာ မျှတမှုမရှိသေးကြောင်း အာဖရိက တိုက်တွင် တစ်ရာခိုင်နှုန်းသာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း ယင်းအခြေ အနေအတိုင်း ဆက်သွားရန်မဖြစ်ဟုလည်း ယူနီ ဆက်ဖ်မှ ညွှန်ကြားရေးမှူး ဟန်နရီဟာတာဖို့ဒ်က ပြောသည်။
ဆင်ဟွာ