
ပါရီ ဩဂုတ် ၁၇
အာဖရိကတိုက်၌ ကာကွယ် ဆေးထောက်ပံ့ရရှိမှု နည်းပါးနေပြီ ဟုဆိုကာ အာဖရိကတိုက်သို့ မျောက်ကျောက် ရောဂါကာကွယ် ဆေးအလျင်အမြန် ပံ့ပိုးပေးနိုင် ရန် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတစ်ခုက တောင်းဆို လိုက်သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့က အာဖရိကတိုက်တွင် မျောက် ကျောက်ရောဂါ ဖြစ်ပွားမှုကို နိုင်ငံတကာအတွက် စိုးရိမ်ရသော ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ဗုဒ္ဓဟူး နေ့က ထုတ်ပြန်ကြေညာလိုက် ပြီးနောက် ယင်းတောင်းဆိုမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။
မျောက်ကျောက်ရောဂါဖြစ်ပွား မှုသည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် ပြန်လည်ဖြစ်ပွား လျက်ရှိပြီး အာဖရိကတိုက်ရှိ အခြားသော ဒေသများသို့လည်း ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရ သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း များ ဖက်ဒရေးရှင်း (IFRC) သည် သောကြာနေ့က ဆွစ်ဇာလန်နိုင်ငံ ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ရောဂါကူးစက် ဖြစ်ပွားသည့် နေရာဒေသများစွာ ရှိကြောင်း အစီရင်ခံတင်ပြခဲ့သည်။
ကပ်ရောဂါ ဖြစ်ပွားမှုသည် ယခင် ရောဂါကူးစက်ဖြစ်ပွားမှု ထက် ကျော်လွန်လာပြီဖြစ် ကြောင်း၊ ယင်းမှာ မကြာသေးမီနှစ် များအတွင်း အာဖရိကတိုက်၌ ရင်ဆိုင်ကြုံတွေ့ရသော အထင် ရှားဆုံး ကျန်းမာရေးခြိမ်းခြောက် မှုများထဲမှ တစ်ခုဖြစ်ကြောင်း IFRC အကြီးတန်းအရာရှိ ဘရောင်း နီကိုးလ်က ပြောသည်။
ထို့ပြင် ကာကွယ်ဆေးများ သည် ချမ်းသာကြွယ်ဝသော နိုင်ငံ များတွင် သိုလှောင်ထားရှိဆဲဖြစ် ကြောင်း၊ အာဖရိကသို့ အဆော တလျင်ပံ့ပိုးရန် အဆိုပါ နိုင်ငံများ ကို တိုက်တွန်းထားကြောင်း လည်း ၎င်းက ဆက်ပြောသည်။ အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ သို့မဟုတ် အာဖရိကစီဒီစီက အာဖရိကတိုက် တွင် မျောက်ကျောက်ရောဂါ ကာကွယ်ဆေး အလုံး ၁၀ သန်း ကျော် လိုအပ်လျက်ရှိသော်လည်း လတ်တလောတွင် ကာကွယ်ဆေး ၂၀၀၀၀၀ ခန့်သာ ရှိကြောင်း ပြော သည်။ အင်န်အိတ်ချ်ကေ