
အဒစ်အဘာဘာ ဩဂုတ် ၃၀
အာဖရိကတိုက်၌ ဩဂုတ် ၃၀ ရက် မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၇၇၄၁၉၁၇ ဦးရှိကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေး အေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြား ချက်အရ အာဖရိကတိုက်တစ်ဝန်းလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူစုစုပေါင်း ၁၉၄၈၂၃ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၆၈၇၈၄၄၉ ဦး ရှိကြောင်း သိရသည်။
တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် အာဖရိက တိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံး နိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ကူးစက်မှုအနည်းဆုံးဖြစ်
အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသ သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံး ဒေသဖြစ်ကြောင်း၊ အာဖရိကမြောက်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဒုတိယအများဆုံးဒေသများဖြစ်ကြောင်းနှင့် ဗဟို အာဖရိကဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်
n