အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈ ဒသမ ၀၅ သန်းကျော်ရှိလာ

အဒစ်အဘာဘာ   စက်တင်ဘာ   ၁၄


အာဖရိကတိုက်၌ ယနေ့မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း  ၈၀၅၂၁၁၀  ရှိလာ ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့်  ကာကွယ် ရေးစင်တာက ပြောကြားသည်။


အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေး အေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါ  ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြား ချက်အရ  အာဖရိကတိုက်တစ်ဝန်း၌   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း  ၂၀၄၀၂၅  ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာ လာသူ   စုစုပေါင်း  ၇၃၄၉၆၄၂  ဦး  ရှိလာကြောင်း သိရသည်။


တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့်  အီသီယိုးပီးယားနိုင်ငံတို့သည် အာဖရိက တိုက်၌  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ဖြစ်ပွားမှုဒဏ် အများဆုံးခံခဲ့ရသည့် နိုင်ငံများဖြစ်ကြောင်း အာဖရိက ရောဂါ  ထိန်းချုပ်ရေးနှင့်  ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။

အာဖရိကတိုက်၌  အာဖရိကတောင်ပိုင်းဒေသ သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံးဖြစ်ပြီး  အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့သည် ကိုဗစ်-၁၉    ရောဂါ  ကူးစက်မှုဒုတိယအများဆုံး ဒေသများဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉     ရောဂါ   ကူးစက်မှုအနည်းဆုံးဒေသ ဖြစ်ကြောင်း သိရသည်။ 


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်