
အဒစ်အဘာဘာ နိုဝင်ဘာ ၃၀
အာဖရိကတိုက်၌ ယမန်နေ့ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈၆၃၈၅၉၅ ဦး ရှိလာကြောင်း အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။
အာဖရိကသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက် တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံး သူပေါင်း ၂၂၂၈၂၇ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ မှ ပြန်လည်ကျန်းမာလာသူပေါင်း ၈၀၈၉၆၀၄ ဦး ရှိကြောင်း သိရသည်။
အများဆုံးနိုင်ငံများဖြစ်
အာဖရိကတိုက်၌ တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယား နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးနိုင်ငံများဖြစ်ကြောင်း အာဖရိကရောဂါ ထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
တောင်အာဖရိကနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း သုံးသန်းနီးပါးရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၉၄၉၇၃၂ ဦးရှိကြောင်း သိရသည်။ အာဖရိက တိုက်၌ အာဖရိကတောင်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ဒုတိယအများဆုံး ဒေသများဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အနည်းဆုံးဒေသ ဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
n