အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉ ဒသမ ၅၁ သန်းကျော်ရှိလာ

အဒစ်အဘာဘာ  ဒီဇင်ဘာ  ၂၉


အာဖရိကတိုက်၌ ယမန်နေ့ညနေပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၅၁၉၆၉၉ ဦး ရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။


အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာ ရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့်   ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၇၇၀၈ ဦးရှိကြောင်းနှင့်   ကိုဗစ်-၁၉ ရောဂါမှ    ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၈၅၅၆၂၀၀ ရှိကြောင်း သိရ သည်။


အာဖရိကတိုက်၌     တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီ ယိုးပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှု   အများဆုံးနိုင်ငံများဖြစ်ကြောင်း   အာဖရိက ရောဂါထိန်းချုပ်ရေးနှင့်    ကာကွယ်ရေးစင်တာက ပြောကြားသည်။


တောင်အာဖရိကနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄၁၇၃၁၈ ဦးရှိကြောင်းနှင့် မော်ရိုကိုနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၅၆၄၁၀ ရှိကြောင်း     အာဖရိကရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


အာဖရိကတိုက်၌   အာဖရိကတောင်ပိုင်းဒေသ သည်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု  အများဆုံးဒေသ ဖြစ်ပြီး  အာဖရိကမြောက်ပိုင်းနှင့်  တောင်ပိုင်းဒေသ များသည်   ကိုဗစ်-၁၉ ရောဂါကူးစက်မှု     ဒုတိယ အများဆုံးဖြစ်ကာ အာဖရိကအလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။                              

   ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်