အာဖရိကတွင် ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၇ ဒသမ ၉၂ သန်းရှိလာ

 

 

အဒစ္စအဘာဘာ စက်တင်ဘာ၇   


အာဖရိကတွင်  စက်တင်ဘာ  ၇ ရက် မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၇၉၂၆၉၉၉ ဦး   ရှိလာခဲ့ကြောင်း      အာဖရိက       ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဌာန  (အာဖရိကစီဒီစီ) က ပြောသည်။ 
စီဒီစီက ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း မှာ   ၂၀၀၀၄၅   ဦး ရှိလာပြီဖြစ် ကြောင်းနှင့်   ၇၁၃၀၀၃၉  ဦးမှာ ကိုဗစ်-၁၉   ကင်းစင်သွားပြီဖြစ် ကြောင်း သိရသည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊   အီသီယိုပီးယားနိုင်ငံ တို့သည်   ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားမှုအများဆုံး    နိုင်ငံများ ဖြစ်ကြောင်း     အာဖရိကရောဂါ ထိန်းချုပ်ရေးနှင့်      ကာကွယ်ရေး ဌာနက ပြောသည်။ 
တောင်အာဖရိကသည် ကိုဗစ်- ၁၉  ကူးစက်မှုအများဆုံးဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ ပိုင်းတို့သည်   ဒုတိယကူးစက်မှု   အများဆုံးဖြစ်သည်။ အာဖရိက အလယ်ပိုင်းသည်    ကိုဗစ်- ၁၉    ကူးစက်မှု အနည်းဆုံးဖြစ်ကြောင်း  စီဒီစီ၏  ထုတ်ပြန်ချက်အရ  သိရ သည်။                         ဆင်ဟွာ