အာရှ-ပစိဖိတ်နိုင်ငံများ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဖိစီးနှိပ်စက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရ

 

ဟောင်ကောင်    သြဂုတ်    ၆


ကိုဗစ်-၁၉ ကပ်ရောဂါသည်   အာရှ-ပစိဖိတ်နိုင်ငံများတွင်  အကြီးအကျယ် ဖိစီးနှိပ်စက်လျက်ရှိချိန်တွင် ထိုင်းနိုင်ငံ၌  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှင့်     သေဆုံးမှု       အမြင့်ဆုံးစံချိန်တင်ဖြစ်ပွားလျက်ရှိပြီး ဂျပန်နိုင်ငံတွင်     ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူ အရေအတွက် တစ်သန်းကျော်လွန် ရောက်ရှိလာပြီ ဖြစ်သည်။  

 အိန္ဒိယ 
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၄၆၄၃ ဦးအပါအဝင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၁၈၅၆၇၅၇ ဦးအထိ       ရောက်ရှိလာခဲ့ကြောင်း    ကျန်းမာရေး ဝန်ကြီးဌာန၏      နောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။ 
ထို့အပြင်  ကိုဗစ်-၁၉ ကြောင့်  ထပ်မံသေဆုံးသူ ၄၆၄ ဦးနှင့်အတူ   စုစုပေါင်း   ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၂၆၇၅၄ ဦးအထိရောက်ရှိလာခဲ့သည်။
နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၄၁၄၁၅၉ ဦး အထိရောက်ရှိလာ ခဲ့သည်။ 
 အင်ဒိုနီးရှား 
အင်ဒိုနီးရှားနိုင်ငံတွင်   ကိုဗစ်-၁၉  ထပ်မံကူးစက် ဖြစ်ပွားသူ ၃၉၅၃၂ ဦးရှိပြီး ၁၆၃၅ ထပ်မံသေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားကတည်းက အဆိုပါ ပမာဏသည် တစ်နေ့တည်း အများဆုံးသေဆုံးသည့် ပမာဏဖြစ်သည်။ 
နောက်ဆုံး    သတင်းအချက်အလက်များကို အခြေခံ၍ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၏ စုစုပေါင်းကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ  ၃၆၀၇၈၆၃ ဦး ရှိလာခဲ့ပြီး    ကိုဗစ်-၁၉ ဆက်စပ်သေဆုံးသူ ၁၀၄၀၁၀ရှိလာခဲ့သည်။ 
ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုမှ    ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၄၈၈၃၂ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ မှ ပြန်လည် ကောင်းမွန်လာသူ ၂၉၉၆၄၇၈ဦးအထိ   ရောက် ရှိလာသည်။ 
အရှေ့တောင်အာရှ       နိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည်  ၄င်း၏    ကာကွယ်ဆေး ထိုးအစီအစဉ်ကို အရှိန်အဟုန်မြင့်ဆောင်ရွက်လျက် ရှိသည်။
သြဂုတ် ၆ ရက်အထိ လူပေါင်းအနည်းဆုံး ၂၂ ဒသမ ၈၉ သန်း  ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်း သိရကာ ကိုဗစ်-၁၉ ကာကွယ် ဆေးတစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၄၉ ဒသမ ၃၉ သန်းရှိ ကြောင်း   ကျန်းမာရေးဝန်ကြီးဌာနက   သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ 
အင်ဒိုနီးရှားနိုင်ငံသည် လူပေါင်း ၂၀၈ ဒသမ ၂သန်းအား  ကာကွယ်ဆေးထိုးပေးနိုင်ရန်  ရည်မှန်း ထားကြောင်း  သိရသည်။ 
 မလေးရှား
မလေးရှားနိုင်ငံတွင် သြဂုတ် ၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ  ၂၀၈၈၉ ဦးရှိကြောင်းအတည်ပြုဖော်ပြမှုနှင့်အတူ   ကိုဗစ်-၁၉  ကူးစက် ဖြစ်ပွားမှု စံချိန်တင်အမြင့်ဆုံးနေ့တစ်နေ့ဖြစ်လာပြီး စုစုပေါင်း    ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူပေါင်း ၁၂၂၄၅၉၅ ဦးအထိ    ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်သည်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန်အဗ္ဗဒူလာက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၃ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး   ၂၀၈၇၆ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း  ပြောကြားလိုက် သည်။ 
နောက်ထပ်  လူ ၁၆၀    ကိုဗစ်-၁၉    ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၁၀၁၇၉ ဦး   ရှိလာခဲ့ပြီ ဖြစ်သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ   ပြန်လည် ကျန်းမာလာသူပေါင်း ၉၉၃၀၂၀  သို့မဟုတ် ၈၁ ဒသမ ၁ ရာခိုင်နှုန်းရှိလာပြီဖြစ်သည်။ 
 ဖိလစ်ပိုင် 
ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ    ၁၀၆၂၃ ဦးရှိကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူ ၁၆၃၈၃၄၅ ဦးအထိရောက်ရှိလာခဲ့သည်။ 
ကိုဗစ်-၁၉ ကြောင့် နောက်ထပ် ၂၄၇ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၂၈၆၇၃ ဦး အထိရောက်ရှိလာခဲ့သည်။ 
သြဂုတ် ၆ ရက်မှစကာ    မြို့တော်မနီလာ၌ တင်းကျပ်သည့်  ကန့်သတ်ပိတ်ဆို့မှုများကို ချမှတ် ဆောင်ရွက်ခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံတွင်   ကိုဗစ်-၁၉    စမ်းသပ် စစ်ဆေးပြီးသူပေါင်း ၁၆ သန်းရှိသည်။  
 ပါကစ္စတန် 
ပါကစ္စတန်နိုင်ငံတွင်  ကိုဗစ်-၁၉  ထပ်မံကူးစက် ဖြစ်ပွားသူ ၄၇၄၅  ဦးရှိလာပြီးနောက်  စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ   ၁၀၅၈၄၀၅ဦး အထိရှိလာခဲ့ကာ  စတုတ္ထလှိုင်းဂယက်ထပ်မံရိုက်ခတ် လာမည်ကို စိုးရိမ်လျက်ရှိသည်။ 
ကိုဗစ်-၁၉ ကြောင့်  ထပ်မံသေဆုံးသူ   ၆၇ဦး ရှိလာပြီးနောက် စုစုပေါင်း သေဆုံးသူ ၂၃၇၀၂ ဦး ရှိလာခဲ့သည်။ 
 တောင်ကိုရီးယား 
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ  ၁၇၀၄ ဦး    ရှိလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားသူ ၂၀၇၄၀၆ ဦး အထိရောက်ရှိလာခဲ့သည်။ 
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူများမှာ  ဆိုးလ်ဒေသခံများနှင့်  ချုံဂျီပြည်နယ်တို့မှ အများဆုံးဖြစ်သည်။ 
ကိုဗစ်-၁၉ ကြောင့်    လေးဦးထပ်မံသေဆုံးခဲ့ သောကြောင့် စုစုပေါင်းသေဆုံးသူ ၂၁၁၃  ဦးအထိ ရောက်ရှိလာကာ  စုစုပေါင်းကိုဗစ်-၁၉ သေဆုံးနှုန်း ၁ ဒသမ ၀၂ ရာခိုင်နှုန်းရှိသည်။ 
 ကမ္ဘောဒီးယား
ကမ္ဘောဒီးယားနိုင်ငံတွင်  ကိုဗစ်-၁၉   ထပ်မံ ကူးစက်ဖြစ်ပွားသူ ၅၈၈ ဦးရှိလာပြီးနောက်  စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ  ၈၀၈၁၃  ဦးအထိ ရောက်ရှိလာကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ 
ကိုဗစ်-၁၉ ကြောင့်ထပ်မံသေဆုံးသူ ၁၉ ဦးရှိလာ ပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၁၅၂၆ ဦးအထိ  ရောက်ရှိလာခဲ့ကာ     ကိုဗစ်-၁၉မှ ပြန်လည်ကောင်းမွန်လာသူ   ၇၄၀၄၅ ဦးရှိလာပြီ     ဖြစ်သည်။                                            

  ဆင်ဟွာ