အာရှချန်ပီယံလိဂ် အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲအုပ်စုမဲခွဲ မြန်မာကလပ် မြဝတီအသင်း အုပ်စု (က) တွင် ကျရောက်

ရန်ကုန်   ဇူလိုင်   ၂၀
၂၀၂၄-၂၀၂၅ ရာသီ အာရှချန်ပီယံ လိဂ် အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲနှင့် နောက်ဆုံးအဆင့်  အုပ်စုမဲခွဲပွဲကို ဇူလိုင်   ၁၈  ရက်က ပြုလုပ်ရာ မြန်မာအမျိုးသမီးကလပ် မြဝတီ အသင်းသည် ခြေစစ်ပွဲ အုပ်စု (က) သို့ ကျရောက်ခဲ့သည်။
 ခြေစစ်ပွဲကို  အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ ခြေစစ်ပွဲ အုပ်စုပွဲများကို သြဂုတ် ၂၅ ရက်မှ ၃၁  ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုမဲခွဲမှုအရ အုပ်စု (က) တွင် မြဝတီ (မြန်မာ)၊ Young Elephants (လာအို)၊ အဘူဒါဘီ (ယူအေအီး)၊ အယ်လ်နာဆာ (ဆော်ဒီအာရေဗျ)၊ အုပ်စု (ခ) တွင် အိုဒီရှာ (အိန္ဒိယ)၊ Lion City Sailors   (စင်ကာပူ)၊ အီတီဟတ် (ဂျော်ဒန်)၊ အုပ်စု (ဂ)  တွင် PFC Nasaf (ဥဇဘက်ကစ္စတန်)၊  ဆာဘား (မလေးရှား)၊ APF (နီပေါ)၊ အုပ်စု (ဃ) တွင်   ဘမ်ခါတွန် (အီရန်)၊    ကစ်ချီ (ဟောင်ကောင်)    နှင့်    Royal Thimphu College (ဘူတန်) တို့ ပါဝင်သည်။
နောက်ဆုံးအဆင့်  အုပ်စုပွဲ များကို ယခုနှစ် အောက်တိုဘာ တွင်  ကျင်းပမည်ဖြစ်ပြီး  အုပ်စု သုံးခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ မြန်မာကလပ်    မြဝတီအသင်း သည်    ခြေစစ်ပွဲအောင်မြင်ပါက နောက်ဆုံးအဆင့်   အုပ်စု  (က)  သို့     ကျရောက်မည်ဖြစ်သည်။ နောက်ဆုံးအဆင့်  အုပ်စုမဲခွဲမှုအရ အုပ်စု (က) တွင်   ဝူဟန် (တရုတ်)၊ ဟွန်ဒိုင်း  (တောင်ကိုရီးယား)၊ ခြေ စစ်ပွဲ အုပ်စု (ဂ) မှ   ပထမရအသင်း၊ ခြေစစ်ပွဲအုပ်စု (က) မှ   ပထမရ အသင်း၊  အုပ်စု (ခ) တွင် မဲလ်ဘုန်း စီးတီး  (သြစတြေးလျ)၊ ကာယာ (ဖိလစ်ပိုင်)၊ College  of  Asian Scholars (ထိုင်း)၊ ခြေစစ်ပွဲ အုပ်စု (ဃ) မှ ပထမရအသင်း၊ အုပ်စု (ဂ) တွင် အူရာဝါရတ်ဒိုင်းမွန်း (ဂျပန်)၊ ဟိုချီမင်းစီးတီး     (ဗီယက်နမ်)၊ Taichung Blue Whale  (တရုတ် (တိုင်ပေ))၊ ခြေစစ်ပွဲ အုပ်စု (ခ) မှ ပထမရအသင်းတို့ ပါဝင်သည်။
ရဲရင့်လွင်