အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲတွင်  ရှမ်းယူနိုက်တက်နှင့် သြစတြေးလျကလပ် တွေ့ဆုံ

 

 

ရန်ကုန်  ဇန်နဝါရီ  ၁၇
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲနှင့် အုပ်စုများကို ဇန်နဝါရီ ၁၇ ရက်က မဲနှိုက်ရေးဆွဲထုတ်ပြန်ခဲ့ရာ မြန်မာ ကလပ် ရှမ်းယူနိုက်တက်အသင်းသည် သြစတြေးလျကလပ်အသင်းနှင့် တွေ့ဆုံနေသည်။ အာရှဘောလုံးအဖွဲ့ချုပ်သည်  အနောက်အာရှဇုန်နှင့် အရှေ့အာရှဇုန်ခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး မြန်မာကလပ် ရှမ်းယူနိုက်တက် အသင်းသည် အရှေ့အာရှဇုန်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အရှေ့အာရှ ဇုန်ကို    အဆင့်နှစ်ဆင့်ခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး    အကြိုခြေစစ်ပွဲကို မတ် ၈ ရက်၊ ခြေစစ်ပွဲ Play-off ပွဲစဉ်များကို  မတ် ၁၅ ရက်တွင် ကျင်းပ မည်ဖြစ်သည်။ မြန်မာကလပ်အသင်းများသည် အကြိုခြေစစ်ပွဲအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ FFA Cup ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် သြစတြေးလျကလပ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက် တက်အသင်းသည် မတ် ၈ ရက်တွင် သြစတြေးလျကလပ်နှင့် ကစားရ မည်ဖြစ်ပြီး အနိုင်ရပါက ခြေစစ်ပွဲ Play-off ပွဲစဉ်အဖြစ်  ဂျပန်ကလပ် ဗီဆေးလ်ကိုဘေးအသင်းနှင့် ကစားရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် ယင်းနှစ်ဆင့်ကို ကျော်ဖြတ်နိုင်မှသာ နောက်ဆုံးအဆင့် အုပ်စုသို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး အာရှထိပ်သီးကလပ်များနှင့် တွေ့ဆုံနေသဖြင့် ရုန်းကန်ရဖွယ်ရှိနေသည်။
ရှမ်းယူနိုက်တက်အသင်းသည်    အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် သုံးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ မကျင်းပနိုင်သဖြင့် နောက်ဆုံးကျင်းပသည့် ၂၀၂၀ ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းက ယှဉ်ပြိုင်ခွင့်ရ ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုနှစ်တွင် အာရှ အဆင့် ကလပ်ပြိုင်ပွဲနှစ်ခုစလုံး ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှချန်ပီယံလိဂ် ခြေစစ်ပွဲနှင့် ၂၀၂၂ AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင်လည်း ယှဉ်ပြိုင် ခွင့်ရထားသည်။                          ရဲရင့်လွင်