အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီးနိုင်ငံ)တွင် မြန်မာအလုပ်သမားများ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ယူအေအီးနိုင်ငံ၏ ဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင်ရေးဆွေးနွေး

 

နေပြည်တော်    ဇွန်   ၁၃
အလုပ်သမား      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်နောင် သည်      အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ  သံအမတ်ကြီး Mr. Mutaz Abdullah Abduljha-leel Mohamed Al Faheem အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌   လက်ခံတွေ့ဆုံ သည်။  
တွေ့ဆုံစဉ်   မြန်မာအလုပ် သမားများ၏ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေး၊ အလုပ်သမားနှင့်       ၎င်းတို့၏ မိသားစုဝင်များ၏    လူမှုစီးပွား ဘဝ   ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်ပအလုပ်သမား   ဈေးကွက် တိုးချဲ့နိုင်ရေး၊    အလုပ်သမား ဝန်ကြီးဌာနမှ ယူအေအီး၊ ကာတာ၊ ကူဝိတ်၊  ဂျော်ဒန်   အစရှိသည့် အရှေ့အလယ်ပိုင်း   နိုင်ငံများသို့ စေလွှတ်ခွင့်ပြုပေးနေမှု၊ နားလည် မှုစာချွန်လွှာ (MoU)  လက်မှတ် ရေးထိုးသည့် နိုင်ငံများသို့စေလွှတ် နေမှုနှင့်  နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်း မရှိ သည့်နိုင်ငံများသို့ အလုပ်ကမ်းလှမ်း စာ (Demand Letter) စိစစ်သည့် လုပ်ငန်းစဉ်ဖြင့်    စေလွှတ်ခွင့်ပြု ပေးနေမှု၊   အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ    (ယူအေအီး နိုင်ငံ)  တွင်     မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ကျော်    ရောက်ရှိလုပ်ကိုင်လျက် ရှိရာ    မြန်မာအလုပ်သမားများ အခက်အခဲတစ်စုံတစ်ရာ     ဖြစ် ပေါ်လာပါက  ယူအေအီးနိုင်ငံ၏ ဥပဒေများနှင့်အညီ     အကာ အကွယ်ပေးနိုင်ရေး  ကိစ္စရပ်များ ကို  ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေး ကြသည်။    
တွေ့ဆုံပွဲသို့     ပြည်ထောင်စု ဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်း ဝန်၊  အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနမှ  တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်