အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ  ယနေ့ပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်


 

ရန်ကုန်  မေ   ၂၃
အာရှဘောလုံးအဖွဲ့ချုပ်က  စီစဉ် ကျင်းပသည့်  ၂၀၂၃ အာရှဖလား ယူ-၁၇ နှင့် ယူ-၂၀ ခြေစစ်ပွဲ အုပ်စု မဲခွဲပွဲကို  မေ  ၂၄ ရက်   (ယနေ့) နေ့လယ်ပိုင်းတွင်    ပြုလုပ်သွား မည်ဖြစ်ပြီး  မြန်မာအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းခြေစစ်ပွဲ  နှစ်ခုစလုံးတွင် အသင်း   စုစုပေါင်း ၄၀  ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု ၁၀ ခုခွဲ၍  ပြုလုပ်မည်ဖြစ် သည်။အာရှဖလား ယူ-၂၀  ခြေစစ် ပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်၊ အာရှဖလား ယူ-၁၇   ခြေစစ်ပွဲကို  ၂၀၂၂  ခုနှစ် အောက်တိုဘာ ၁ ရက်မှ  ၉ ရက် အထိ      ပြုလုပ်မည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့်   ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၀ သင်း စီနှင့်  ဒုတိယနေရာရအသင်းများ အနက်   အကောင်းဆုံးငါးသင်း စုစုပေါင်း  ၁၅ သင်း   ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။  မြန်မာ ယူ-၁၇ နှင့် ယူ-၂၀ အသင်းမှာမူ ယင်းခြေစစ်ပွဲအပါအဝင်  ယခုနှစ် အတွင်း  ယှဉ်ပြိုင်ရမည့်  နိုင်ငံ တကာ       ပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်မှုများ   ပြုလုပ် လျက်ရှိသည်။
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စုမဲခွဲရန်  ဆီဒင်သတ်မှတ်ချက် အရ Pot-1 တွင် သြစတြေးလျ၊ တာဂျစ်ကစ္စတန်၊ အင်ဒိုနီးရှား၊ အိုမန်၊  ယီမင်၊   ဂျပန်၊  အီရန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အိန္ဒိယ၊  Pot-2 တွင် ဗီယက်နမ်၊ ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ ဘင်္ဂလားဒေ့ရှ်။ အီရတ်၊      အာဖဂန်နစ္စတန်၊ မလေးရှား၊  ဘရူနိုင်း၊  တရုတ်၊ ဟောင်ကောင်၊    Pot-3  တွင် ကာဂျစ္စတန်၊  ဥဇဘက်ကစ္စတန်၊ ဆီရီးယား၊        ပါလက်စတိုင်း၊ တရုတ်တိုင်ပေ၊ မြန်မာ၊ ကာတာ၊ နီပေါ၊ တီမော၊ စင်ကာပူ၊  Pot-4 တွင် လာအို၊  သီရိလင်္ကာ၊ လက် ဘနွန်၊   ဖိလစ်ပိုင်၊  မော်လ်ဒိုက်၊ မွန်ဂိုလီးယား၊  မြောက်မာရီယာ နာကျွန်းစု၊  ဂူအမ်၊   မကာအို၊ ဘူတန်၊  Pot-5 တွင် တာ့ခ်မင်နစ္စ တန်၊     ဘာရိန်း၊    ကူဝိတ်နှင့် ယူအေအီးအသင်းတို့    ပါဝင်နေ သည်။ အာရှဖလား ယူ-၂၀ ခြေစစ် ပွဲ  အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ် ချက်အရ  Pot-1 တွင် ဆော်ဒီအာ ရေဗျ၊        တာဂျစ်ကစ္စတန်၊ အင်ဒိုနီးရှား၊ ဂျော်ဒန်၊ ထိုင်း၊ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ယူအေအီး၊ ကာတာ၊ Pot-2 တွင် အီရတ်၊ အိုမန်၊ ဘာရိန်း၊ တရုတ်၊ ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မလေးရှား၊ ဆီးရီးယား၊ အီရန်၊ ယီမင်၊ Pot-3 တွင် ကာဂျစ္စတန်၊ မွန်ဂိုလီးယား၊  ဘင်္ဂလားဒေ့ရှ်၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ မြန်မာ၊ လက်ဘနွန်၊        မကာအို၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ Pot-4 တွင် လာအို၊   တာ့ခ်မင်နစ္စတန်၊ စင်ကာပူ၊  တီမော၊  မော်လ်ဒိုက်၊ ဘရူနိုင်း၊  သီရိလင်္ကာ၊   နီပေါ၊    Pot-5 တွင်     အာဖဂန်နစ္စတန်၊ ဂူအမ်၊  ကူဝိတ်၊ မြောက်မာရီယာ ကျွန်းစု၊        ဥဇဘက်ကစ္စတန် နှင့်   ဘူတန်အသင်းတို့   ပါဝင် သည်။
ရဲရင့်လွင်