
ရန်ကုန် နိုဝင်ဘာ ၁၉
၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့်ရထားသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုး သမီးအသင်း ခြေစမ်းပွဲကစားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဒီဇင်ဘာလမှစတင်ကာ ခြေစမ်းပွဲများ ကစားသွားမည်ဖြစ် သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲ သုံးပွဲနှင့်အထက် ယှဉ်ပြိုင်ကစားရန် ရည်ရွယ်ထားပြီး အရှေ့တောင်အာရှ၊ အာရှထိပ်သီး လက်ရွေးစင်အသင်းများနှင့်ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်း ပြိုင်ပွဲနောက်ဆုံးအဆင့်အတွက် နိုဝင်ဘာလ ဒုတိယပတ်တွင် စတင်လေ့ကျင့်ခဲ့ပြီး ပဏာမကစားသမား ၂၇ ဦး ရွေးချယ် ထားသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုလအတွင်း လေ့ကျင့်ပြင်ဆင်မှုများသာပြုလုပ်သွားမည် ဖြစ်ပြီး ဒီဇင်ဘာနှင့် ဇန်နဝါရီလဆန်းပိုင်းတွင် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှဖလား ပြိုင်ပွဲတွင် ထိပ်သီးအသင်းများနှင့် တွေ့ဆုံနေသဖြင့် ပြိုင်ပွဲ မတိုင်မီ လုံလောက်သည့်ပြင်ဆင်မှုရရှိစေရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယ နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် လက်ရှိချန်ပီယံ ဂျပန်၊ အာရှထိပ်သီး တောင်ကိုရီးယား၊ အရှေ့တောင်အာရှ ထိပ်သီး ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေ သည်။ မြန်မာအမျိုးသမီးအသင်းသည် ပြီးခဲ့သည့် အောက်တို ဘာလက အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ခဲ့ရာ လက်ဘနွန်၊ ယူအေအီးနှင့် ဂူအမ်အသင်းတို့ကိုကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF