အစ္စရေးနိုင်ငံက အသက် ၆၀ ကျော်အရွယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတုတ္ထအကြိမ် ထိုးနှံပေးမည်

ဂျေရုဆလင်  ဒီဇင်ဘာ  ၂၂


အစ္စရေးနိုင်ငံသည်  အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ  ဖြစ်ပွားနေစဉ် တွင်    အသက် ၆၀ ကျော်     အရွယ်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး        စတုတ္ထအကြိမ် ထိုးနှံပေးရန် စီစဉ်လျက်ရှိကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရ သည်။


အစ္စရေးနိုင်ငံသည်     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတွင် ကမ္ဘာ့ နိုင်ငံများအနက် လူဦးရေအများအပြားကို အမြန်ဆုံးထိုးနှံနိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ အစ္စရေး နိုင်ငံသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး        တတိယအကြိမ်အပို ဆောင်းထိုးနှံမှုကို ဩဂုတ်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လူဦး ရေ ၄ ဒသမ ၁၇ သန်း သို့မဟုတ် နိုင်ငံ လူဦးရေ၏ ၄၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တတိယအကြိမ် အပိုဆောင်းထိုးနှံမှု  ခံယူပြီးဖြစ်ကြောင်း သိရသည်။


အစ္စရေးနိုင်ငံ၌  အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများရှိနေပြီး နိုဝင်ဘာ လကုန်မှစတင်ကာ   ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလည်း  ပြန်လည်မြင့်တက် လာကာ    လက်ရှိတွင်   အစ္စရေးနိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။


အသက် ၆၀ ကျော်အရွယ်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    စတုတ္ထအကြိမ် ထိုးနှံရန်  အစ္စရေးအစိုးရ၏  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က  အကြံပြုခဲ့ခြင်းဖြစ်ကြောင်းလည်း  သိရ သည်။ အစ္စရေးမီဒီယာများ၏ ဖော်ပြချက် အရ လက်ရှိတွင် အစ္စရေးနိုင်ငံ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၄၁ ဦး ရှိကြောင်း သိရသည်။


  ကိုးကား - အင်န်အိတ်ချ်ကေ ဘာသာပြန် - အလင်းသစ်