
ဂျေရုဆလင် ဒီဇင်ဘာ ၉
နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ယာလာပစ်သည် ဒီဇင်ဘာ ၉ ရက်က အီဂျစ် သမ္မတ အက်ဘ်ဒယ်ဖာတာ့အယ်လ်စီစီနှင့် တွေ့ဆုံရန် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ တရားဝင်လာရောက် ခဲ့သည်။
အစ္စရေး-အီဂျစ် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးသည် အစ္စရေးနိုင်ငံ၏ အကျိုးစီးပွားအတွက် အလွန် အရေးပါကြောင်း လာပစ်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လာပစ်၏ တစ်ရက်တာခရီးစဉ်တွင် အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဆာမက်ရှိုခရီနှင့် တွေ့ဆုံသွား မည်ဖြစ်သည်။
နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်သွားရန် လာပစ် သည် အီဂျစ်နိုင်ငံမှ တရားမဝင်ခိုးထုတ်လာပြီး အစ္စရေးအာဏာပိုင်များက ဖမ်းဆီးရမိထားသော ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။
ယခုခရီးစဉ်သည် ဒေသတွင်းတည်ငြိမ်အေးချမ်း စေရန် ဘုံအကျိုးစီးပွားကို ထိန်းညှိလုပ်ဆောင်သည့် အစ္စရေးအစိုးရ၏ နိုင်ငံခြားရေးမူဝါဒအစိတ်အပိုင်းတစ်ခုဖြစ်သည်။
စက်တင်ဘာလတွင် ဖုန်းဖြင့် ဆွေးနွေးပြောဆို ပြီးနောက် ယခုခရီးစဉ် အကောင်အထည်ပေါ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလက စီစီသည် အစ္စရေးဝန်ကြီးချုပ် နာဖ်တာလီဘန်းနက်ကို ပင်လယ်နီ အပန်းဖြေနေရာတစ်ခုဖြစ်သည့် ရှမ်အယ်လ်ရှိတ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
ဆင်ဟွာ