
ဂျေရုဆလင် ဩဂုတ် ၁၆
အစ္စရေးနိုင်ငံသည် မိမိနိုင်ငံမှ နိုင်ငံပေါင်း ရှစ်နိုင်ငံသို့ အသွားအလာကန့်သတ်ချက် များ ချမှတ်ထားခြင်းကို ယနေ့ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံများမှာ ဥဇဘက်ကစ္စ တန်၊ အာဂျင်တီးနား၊ ဘီလာရုစ်၊ တောင် အာဖရိက၊ ဗြိတိန်၊ ကာဇက်စတန်၊ ဆိုက်ပရပ်စ်နှင့် ရုရှားနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိအချိန်တွင် ဘရာဇီး၊ ဂျော်ဂျီယာ၊ မက္ကဆီကို၊ စပိန်နှင့် တူရကီ နိုင်ငံများသို့ လေကြောင်းခရီးသွားလာ ခြင်းကို ကန့်သတ်ထားပြီး မကြာသေးမီ က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာသည့် ဘူဂေးရီးယားနိုင်ငံကို လည်း အဆိုပါ ခရီးအသွားအလာကန့်သတ် သည့် နိုင်ငံစာရင်းတွင် ထည့်သွင်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူခရီးသည်များ အပါအဝင် ကမ္ဘာ့နိုင်ငံများမှ အစ္စရေးနိုင်ငံသို့ လာရောက်သူ ခရီးသည်များအနေဖြင့် ခုနစ်ရက်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ခွဲခြားစောင့်ကြည့်မှုကို ခံယူရမည်ဖြစ် ကြောင်း သိရသည်။ သို့ရာတွင် လက်ရှိ အချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု နည်းပါးသည့် နိုင်ငံများဖြစ်သော တရုတ်၊ ဩစတြီးယား၊ ဩစတြေးလျ၊ ဟန်ဂေရီ၊ မော်လ်ဒိုဗာ၊ နယူးဇီလန်၊ စင်ကာပူနှင့် ချက်သမ္မတနိုင်ငံတို့မှ ခရီးသည်များသည် အဆိုပါကန့်သတ် ချက်တွင် အကျုံးမဝင်ဘဲ တစ်ရက်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ခွဲခြားစောင့်ကြည့် မှုကိုသာ ခံယူရမည်ဖြစ်ကြောင်း သိရ သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ