
ဂျေရုဆလင် စက်တင်ဘာ ၁၈
အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှုခံယူပြီးသူ သုံးသန်းကျော်ရှိပြီ ဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံပြီးသူ အရေအတွက် ၃၀၀၈၅၁၁ ဦးရှိပြီး အဆိုပါအရေ အတွက်သည် နိုင်ငံလူဦးရေ၏ ၃၂ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။
အစ္စရေးနိုင်ငံက ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံမှုအစီအစဉ်ကို သြဂုတ် ၁ ရက်တွင် စတင်ခဲ့ သည်။
တတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါကူးစက်မှုကို ပိုမိုခုခံကာကွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံမှုခံယူသူ များသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူထားသူ နှင့် နှိုင်းယှဉ်ပါက ရောဂါခုခံနိုင်စွမ်း ဆယ်ဆပိုမို မြင့်မားကြောင်း တွေ့ရှိရသည်။
ကာကွယ်ဆေးပထမအကြိမ် ထိုးနှံမှုခံယူပြီးသူ ၆ ဒသမ ဝ၆ သန်းနီးပါး (နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၅ ရာခိုင်နှုန်း) ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးသူ ၅ ဒသမ ၅၇ သန်းရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်