
ဂျေရုဆလင် စက်တင်ဘာ ၁၉
အစ္စရေးနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၄၂ ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၇၅၀၇ ဦးရှိလာပြီဖြစ်သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၈၆၃ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၂၁၉၃၇၄ ဦးရှိလာကြောင်း သိရသည်။
ကိုဗစ်-၁၉ လူနာ ၇၁၇ ဦးသည် ရောဂါအခြေအနေ ဆိုးရွားစွာ ခံစားနေရသည်။ သို့သော် ကိုဗစ်-၁၉ လူနာ ၈၄၅၂၇ ဦးကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့် အတွက် ဆေးရုံများမှဆင်းသွားခဲ့ရာ ရောဂါမှပြန်လည် ကျန်းမာလာသူပေါင်း ၁၁၂၇၃၄၀ ရှိလာကြောင်း သိရသည်။
လက်ရှိအချိန်အထိ ပြည်သူ ၆ ဒသမ ဝ၆ ဦး (နိုင်ငံ လူဦးရေ၏ ၆၄ ဒသမ ၅ ရာခိုင်နှုန်း)သည် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ပြီး ပြည်သူ ၅ ဒသမ ၅၇ သန်းသည် ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်သည်။ ပြည်သူ ၃ ဒသမ ဝ၃ သန်းသည် ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်