အစ္စရေးတပ်များဆုတ်ခွာသွားပြီးနောက် ဂါဇာရှိ ဂျာဘာလီယာစခန်း၌ လူပေါင်း ၇၀ ထက်မနည်းသေဆုံး

 

ဂါဇာ    ဇွန်    ၁
အစ္စရေးက     သီတင်းသုံးပတ် နီးပါးကြာ ထိုးစစ်ဆင်ပြီးနောက် ၎င်း၏တပ်ဖွဲ့များ      ဆုတ်ခွာ သွားခဲ့သည့်    ဂါဇာကမ်းမြောင် ဒေသ မြောက်ပိုင်း ဂျာဘာလီယာ ဒုက္ခသည်စခန်း၌  မေ ၃၁ ရက်က ပါလက်စတိုင်း  ၇၀ ထက်မနည်း သေဆုံးသည်ကို  တွေ့ရှိရကြောင်း သိရသည်။
လူနာတင်ယာဉ်များနှင့် အရပ် ဘက် ကာကွယ်ရေးဝန်ထမ်းများ သည်      ပျောက်ဆုံးနေသူများ ကို     ရှာဖွေရေးလုပ်ငန်းများ  ဆက်လက်   လုပ်ဆောင်နေစဉ် အဆိုပါ ယာယီစခန်းမှ ကလေး ၂၀ အပါအဝင် သေဆုံးသူ ၇၀ ခန့် တွေ့ရှိခဲ့ကြောင်း    ဒေသတွင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ် များက ပြောကြားသည်။
အစ္စရေး၏စစ်ဆင်ရေး  လုပ် ဆောင်ခဲ့စဉ်အတွင်း လေကြောင်း နှင့် အမြောက်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုတို့ကြောင့်  နေအိမ် များ၊  အမိုးအကာများနှင့် ဆေးရုံ များ၏ အပျက်အစီးများအောက် တွင်       အခြားဒါဇင်နှင့်ချီကာ ပျောက်ဆုံးနေဆဲ   ဖြစ်ကြောင်း သတင်းရင်းမြစ်များက မှတ်ချက် ပြုထားသည်။
အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာ သွားပြီးနောက်    ရာနှင့်ချီသည့် ဒေသခံများသည်   ပစ္စည်းများကို   စစ်ဆေးရန်အတွက်    ၎င်းတို့၏ နေအိမ်များသို့ ပြန်လာခဲ့ကြောင်း သိရသည်။ 
ပါလက်စတိုင်း ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေး နှင့် အလုပ်သမားအဖွဲ့သည် မေ ၃၁ ရက်က နေရပ်စွန့်ခွာပြည်သူများရှိသည့်       ဂျာဘာလီယာ မြို့ရှိ   အေဂျင်စီထံမှ  ယင်းသို့      ကြောက်မက်ဖွယ်    သတင်းကို    ကြားသိရကြောင်း     ပြောကြား သည်။                         ဆင်ဟွာ