အစ္စရေးဝန်ကြီးချုပ်က အမေရိကန်နိုင်ငံ၌ ပင်လယ်ကွေ့ဒေသဝန်ကြီးများနှင့် တွေ့ဆုံမည်

ဂျေရုဆလင်  စက်တင်ဘာ  ၂၆


အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်သည်     အမေရိကန် နိုင်ငံ နယူးယောက်မြို့၌   ပင်လယ်ကွေ့ဒေသထိပ်တန်းဝန်ကြီးများနှင့်  ပထမဆုံးအကြိမ်  တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်က ယမန်နေ့တွင်  ပြောကြား သည်။


အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်သည် စက်တင်ဘာ  ၂၇ ရက်တွင်  ကျင်းပမည့်  ကုလသမဂ္ဂအထွေထွေညီလာခံသို့  တက်ရောက်ရန် ယမန်နေ့ ညပိုင်းတွင် အမေရိကန်ပြည်ထောင်စု သို့  ထွက်ခွာသွားကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။


အဆိုပါ ထုတ်ပြန်ကြေညာချက်အရ  အစ္စရေးဝန်ကြီးချုပ်    နက်ဖ်တာလီဘန်နက်သည်    ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး   အဗ္ဗဒူလာတစ်ဘင်ရာရှစ် အယ်လ်ဇာယာနီ၊  အာရပ်စော်ဘွားများ ပြည်ထောင်စုဝန်ကြီး  ခါလီဖာရှာဟီး အယ်လ်မာရာတို့နှင့် တွေ့ဆုံ ဆွေးနွေးရန် မျှော်လင့်ထားကြောင်း သိရသည်။


ထို့ပြင်  အစ္စရေးဝန်ကြီးချုပ်  နက်ဖ်တာလီဘန်နက်သည်    ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်လည်း  တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်နှင့် ပင်လယ်ကွေ့ ဒေသမှ ဝန်ကြီးများနှင့် တွေ့ဆုံမှုသည် အာရပ်နိုင်ငံများနှင့်     ဆက်ဆံရေးတောင့်တင်းခိုင်မာစေရန် အစ္စရေးနိုင်ငံက ကြိုးပမ်း လျက်ရှိစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။  ဘာရိန်း၊  အာရပ် စော်ဘွားများပြည်ထောင်စုနှင့်   အစ္စရေးနိုင်ငံတို့၏  ဆက်ဆံရေး သည် ၂၀၂၀ ပြည့်နှစ်တွင် ပုံမှန်ပြန်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း   သိရသည်။    

                
  ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်