အစဉ်ထာ၀ရ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရမည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ

Type
1111

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

ဦးအောင်

 

မြန်မာနိုင်ငံသည် ဘီစီ ၃ ရာစုခန့်မှစ၍ ပဒေသရာဇ်နိုင်ငံများ ထူထောင်ပြီး ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်လူမျိုးနှင့်  အုပ်ချုပ် နေထိုင်လာခဲ့ခြင်းဖြစ်သည်။ တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ တောင်ငူနှင့် ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် နှစ်‌ပေါင်းထောင်နှင့်ချီ၍ လွတ်လပ် သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် အထင်ကရ ရပ်တည်လာခဲ့သည်။    
ရှေးဟောင်းပူရာဏ်ကျမ်းအရ ဘီစီ - ၆၀၀ ခန့် ကပင် မြန်မာတို့သည် မြို့ပြနိုင်ငံများ တည်ထောင် ခဲ့ကြပြီး  မြန်မာမင်းများ  စတင်ပေါ်ထွန်းရာဒေသ သည် တကောင်းဟုဆိုသည်။ မှန်နန်းရာဇဝင်အရ တကောင်းပြည်ကို    မဇ္စျိမမှ    လာရောက်သော အဘိရာဇာမင်းဆက်၊ ပထမမင်းဆက် ၃၃ ဆက်နှင့် ဒုတိယမင်းဆက် ၁၇ ဆက် စုစုပေါင်းမင်းဆက် ၅၀ ရှိခဲ့သည်ဟု ဆိုပါသည်။ 
ဇမ္ဗူကွန်ချာ(ပေမူ)အရ  မြန်မာ့မြေပေါ်တွင် မင်းပေါင်း ၁၃၉၃ ပါးအုပ်စိုးခဲ့သည့် မြို့ပြနိုင်ငံငယ် များရှိသည်ဟု ဆိုသည်။
ရှေးဟောင်းမြို့ကြီးများမှာ    ဗိဿနိုးဖြစ်ပြီး  နှစ်ပေါင်း ၂၂၀၀ ခန့်က ပေါ်ထွန်းခဲ့သော  ရှေးဟောင်း မြို့ကြီးဖြစ်သည်။ သရေခေတ္တရာ(ပျူမြို့တော်)  ယခု ပြည်မြို့၏    အရှေ့တောင်ဘက်    ငါးမိုင်အကွာ မှော်ဇာရွာအနီးတွင် ရှိသည်။ အခြားပျူမြို့များလည်း ရှိသေးသည်။ ပျူတို့၏ မြို့များသည် ခရစ်နှစ်အစပိုင်း လောက်ကပင်ရှိသည်ဟု သမိုင်းဆရာများက ယူဆ ကြသည်။ ဟန်လင်းမြို့၊       ဝေသာလီ(ရခိုင်)နှင့် သုဝဏ္ဏဘူမိ (မွန်) စသည်ဖြင့် နှစ်ပေါင်းများစွာကပင် ကိုယ်ပိုင်ယဉ်ကျေးမှုနှင့်အတူ အထင်အရှား တည်ရှိ ခဲ့ကြသည်။
မြန်မာလူမျိုး
မြန်မာလူမျိုးတို့၏  သမိုင်းအစသည်    လွန်ခဲ့ သော နှစ်သန်း ၄၀ ကပင်စခဲ့သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံသည်  ကမ္ဘာပေါ်တွင်  လူသားဖြစ်ပေါ်မှု ရှေးအကျဆုံး  နိုင်ငံတစ်နိုင်ငံဖြစ်ပြီး     ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော           သမိုင်းကြောင်း ရှည်လျားသည့်    နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းကို မြန်မာပြည်အလယ်ပိုင်း ပုံတောင်ဒေသမှ     ရှာဖွေ တူးဖော်ရရှိထားသည့် သက်တမ်းအားဖြင့် နှစ်ပေါင်း သန်း ၄၀ ရှိသော    လူတူပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများက  သက်သေပြလျက်ရှိပေသည်။ 
ယင်းလူတူပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများ သည် ကမ္ဘာ့မည်သည့်နိုင်ငံဒေသကမှ ရောက်ရှိလာ ခြင်းမဟုတ်ဘဲ  ပုံတောင်ဒေသတွင်ပင်    လွန်ခဲ့သော နှစ်သန်း ၄၀ ခန့်မှစ၍ အဆင့်နိမ့်    ပရိုခီမီယံပရိုင်း မိတ်ဘဝမှ အဆင့်မြင့် လူတူပရိုင်းမိတ်များအဖြစ်သို့ တိုးတက်ပြောင်းလဲကာ        အသိဉာဏ်ရှိသော ခေတ်သစ်လူသားများအဖြစ် ဤမြန်မာ့မြေပေါ်၌ပင် ရှင်သန်ပေါက်ဖွားခဲ့ကြရာမှ      ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ စဉ့်ခေတ် စသည်ဖြင့် ခေတ် အဆက်ဆက် မြန်မာပြည်အနှံ့ ရေကြည်ရာ မြက်နု ရာဒေသတွင်   မြို့ပြနိုင်ငံငယ်များ     တည်ထောင် နေထိုင်ခဲ့ကြသူများဖြစ်သည်။ 
ယခုအခါ     ဆင့်ကဲပြောင်းလဲမှု    ဖြစ်စဉ်အရ တိုင်းရင်းသားမျိုးနွယ်စု    ၁၃၅ မျိုး     အဖြစ်ဖြင့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ ပင်းယ၊ တောင်ငူ၊  ညောင်ရမ်း၊  ကုန်းဘောင်စသည့် ခေတ်စဉ်များ တစ်လျှောက်တွင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့်   ခံ့ညားထည်ဝါစွာ   နေထိုင်ခဲ့ကြ သည်။
မျက်မှောက်ကာလရှိ  ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ သုဝဏ္ဏဘုမ္မိ၊ မိုင်းမော၊ တကောင်း၊ ပုဂံ၊ အင်းဝ၊ ဟံသာဝတီ စသည့် ရှေးဟောင်းမြို့ကြီးများက မြန်မာတို့၏ ကြီးမြတ်မှုကို  သာဓကပြလျက်ရှိသည့် အပြင်  မိမိတို့နိုင်ငံမှတွေ့ရှိရသော  လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများသည်  အီဂျစ်နိုင်ငံနှင့် အခြားနိုင်ငံများတွင်  ရှာဖွေတွေ့ရှိထားသော  လူတူ ပရိုင်းမိတ်များထက် နှစ်ခုနစ်သန်းပို၍   ရှေးကျ ကြောင်း  ကမ္ဘာ့သုတေသီများက  လက်ခံထားကြပြီး ဖြစ်၍  လူသားအစမြန်မာကဟူ၍လည်း   ဂုဏ်ယူ ဝင့်ကြွားနိုင်သည့်  ဇာတိပုညဂုဏ်မာနနှင့်    လူမျိုး ဖြစ်သည်။ 
 မြန်မာဟူသော ဝေါဟာရသည် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းကိုသာ ရည်ညွှန်းကိုယ်စားပြု သော  ဝေါဟာရမဟုတ်၊   တိုင်းရင်းသားလူမျိုးအားလုံး ကို လွှမ်းခြုံခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ 
မြန်မာဟူသောဝေါဟာရ၏အနက်ကို ကုန်းဘောင် မင်းဆက်ရာဇဝင် ဆရာဦးမောင်မောင်တင် ပြုစုသော ရွှေနန်းသုံးဝေါဟာရအဘိဓာန်တွင် “ မြန်”  သဒ္ဒါမှာ စစ်ချီစစ်တက်ခြင်းမှစ၍  ခက်ခဲသောအရေးအကြောင်း နှင့် တွေ့ဆုံကြုံကြိုက်သည့်အခါ ဤအရေးကို ပြီးစီး အောင်မြင်ရန် ဇဝနဉာဏ်၊ တင်္ခဏုပ္ပတ္တိဉာဏ်တို့ဖြင့် လျင်မြန်စွာ ကြံစည်တတ်သော သတ္တိဂုဏ်နှင့်ပြည့်စုံ ခြင်းဟူ၍လည်းကောင်း၊  “မာ” သဒ္ဒါမှာ မည်သည့် အရာ ကိစ္စမဆို    လိုရာဆန္ဒအာသီသ    နှလုံးသွင်း အတိုင်း ပေါက်မြောက်အောင် မလျော့သောလုံ့လ ဖြင့် ဇာတိသွေး၊ ဇာတိမာန်၊   ခက်ထန် တင်းမာသော စိတ်ရင်းသတ္တိဂုဏ်နှင့်   ပြည့်စုံခြင်းဟူ၍     လည်း ကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားသည်။    မြန်မာအဘိ ဓာန်အကျဉ်းချုပ်    အတွဲ(၃)တွင်        မြန်မာနိုင်ငံ၌ နှစ်ကာလရှည်စွာ အစဉ်အဆက်ပျံ့နှံ့လျက်    အတူ တကွ အခြေစိုက်နေထိုင်သော   တိုင်းရင်းသားလူမျိုး ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
လွတ်လပ်ရေးဆုံးရှုံးခဲ့ခြင်း
ဤသို့ကမ္ဘာ့အလယ်တွင် လွတ်လပ်၍  အချုပ် အခြာအာဏာပိုင်နိုင်ငံအဖြစ် ဝင့်ထည်စွာ  ရပ်တည် နေလာခဲ့ရာမှ  ဗြိတိသျှကိုလိုနီနယ်ချဲ့နှင့်   ဖက်ဆစ် ဂျပန်တို့၏လက်အောက်သို့ ကျရောက်ခဲ့ရဖူးသည်။ 
လွတ်လပ်ရေး ပြန်လည်ရရှိခြင်း
ခေတ်အဆက်ဆက် မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေး မြောက်မြားစွာ ဆုံးရှုံးခဲ့ပြီးနောက်  မျိုးချစ်မြန်မာ့သူရဲကောင်းတို့၏    ကျေးဇူးကြောင့် ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ သည်   အချုပ်အခြာအာဏာပိုင်   လွတ်လပ်သော  နိုင်ငံတော်ကြီး ဖြစ်လာခဲ့လေသည်။
ကျွန်ုပ်တို့ပြန်လည်ရရှိခဲ့သော  လွတ်လပ်ရေး သည် လွယ်လွယ်ပေါပေါရရှိခဲ့ခြင်းကား  မဟုတ်ပေ။ မြန်မာ့သမိုင်းတစ်လျှောက်     ဆုံးရှုံးသွားသော လွတ်လပ်ရေးကို    တိုက်ပွဲအမျိုးမျိုး    ဆင်နွှဲခဲ့ကြ၊ ကြိုးပမ်းခဲ့ကြကာ မြန်မာတို့၏  ဇာတိသွေး၊ ဇာတိ မာန်နှင့် မျိုးချစ်စိတ်ဓာတ် မည်မျှထက်သန်သည်ကို ပြသခဲ့ကြသည်။   
လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို 
အစဉ်ထာ၀ရ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး
နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့အချိန်ကာလ ရောက်လာတိုင်း   လွတ်လပ်ရေးနှင့် ပတ်သက်သည့် သမိုင်းကြောင်းနှင့်အစဉ်အလာများကို    ပြန်လည် ဖွင့်ချအသိပေးနေရသည်မှာ        လွတ်လပ်ရေးကို နောင်လာနောက်သားတို့ ထိန်းသိမ်းကာကွယ်စောင့် ရှောက်ပြီး လွတ်လပ်ရေးနှင့် ထိုက်တန်သည့်   နိုင်ငံ ဖြစ်အောင်  တည်ဆောက်ရေးအတွက်  မမေ့မလျော့ ရှိကြစေရန်ဖြစ်သည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည့် အဖြစ်သည်  ရင်နင့်စရာ မဖြေသာသည့် ဥဒါန်းမကျေ နိုင်သောသမိုင်းတစ်ခုဖြစ်သည်။    
မြန်မာနိုင်ငံ၏   အမျိုးသားလွတ်မြောက်ရေး သမိုင်းစဉ်တစ်လျှောက်လုံးတွင်    တိုင်းရင်းသားတို့၏ စုစည်းညီညွတ်သော စွမ်းအားဖြင့် အမိမြေအတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်းမော်ကွန်း    အထင် အရှားရှိခဲ့သည်။လွတ်လပ်ရေးရပြီးနောက် အေးချမ်း သာယာသော       လူ့ဘောင်၌      နေကြရသည့် နှောင်းခေတ်မြန်မာတို့၏   လွတ်လပ်ရေးအသိမှာ ကိုယ်တိုင်မခံစားရဘဲ  သိရှိမှတ်သားခြင်းမှ ရရှိသော သာမန်အသိမျှသာဖြစ်သည်။  သို့ဖြစ်သောကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံ၊ တိုင်းရင်းသားပြည်သူ မိဘဘိုးဘွားတို့ အသက်၊ သွေး၊ ချွေး အမြောက် အမြားပေးဆပ်၍  လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း အားထုတ်ခဲ့ရပုံတို့ကို   သိရှိပြီး     မမေ့မပျောက်စေရန် အကြိမ်ကြိမ်အခါခါ    မပြတ်    သတိပေးနေရခြင်း ဖြစ်သည်။
ကျွန်ုပ်တို့၏  ဘေးဘိုးဘီဘင်များ မွန်မြတ်စွာ ရယူပေးခဲ့သော  တန်ဖိုးကြီးမားလှသည့်  လွတ်လပ် ရေးအမွေကို   မပျောက်ပျက်အောင်     စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရပေမည်။ 
မျက်မှောက်ကာလ  ကိုလိုနီလက်သစ်ဝါဒီတို့၏ ပြည်တွင်းရေး  ဝင်ရောက်စွက်ဖက်  ဖိအားပေးမှုများ ကိုလည်း မပြတ်သောသတိ၊ နိုးကြားသော အသိတို့ နှင့်အတူ ဘေး၊ ဘိုး၊ ဘီ၊   ဘင်များ  လက်ဆင့်ကမ်း ပေးခဲ့သော မျိုးချစ်စိတ်ဓာတ်ဖြင့်   မျက်ခြည်မပြတ် သတိမလစ်စေဘဲ စောင့်ကြည့်ကာကွယ် တွန်းလှန် ဖယ်ရှား၊ ချေမှုန်းတိုက်ဖျက်ပစ်ကြရပေမည်။
နိုင်ငံတစ်နိုင်ငံ၏    အချုပ်အခြာအာဏာသည် ထိုနိုင်ငံ၏    အရေးကိစ္စအဝဝကို     သက်ဆိုင်ရာ နိုင်ငံသားတို့၏သဘောဆန္ဒဖြင့်       ပြင်ပပယောဂ ဩဇာလွှမ်းမိုးမှုမပါဘဲ    လွတ်လပ်စွာ     လုပ်ကိုင် ဆောင်ရွက်နိုင်သော အခွင့်အာဏာပင်ဖြစ်သည်။ ပြင်ပပယောဂဩဇာ လွှမ်းမိုးခြင်းခံနေရသော နိုင်ငံ သည် အချုပ်အခြာအာဏာဖြစ်သော  ဥပဒေပြုရေး အာဏာ၊ တရားစီရင်ရေးအာဏာနှင့်  အုပ်ချုပ်ရေး (စီမံခန့်ခွဲရေး) အာဏာတစ်ရပ်ရပ်     ဆုံးရှုံးနေပြီး လွတ်လပ်ရေး၏အရသာကို      အပြည့်အဝခံစား နိုင်မည်မဟုတ်ချေ။ ထိုကဲ့သို့ ဖြစ်နေပါက    ကိုလိုနီ လက်သစ်ဝါဒအရ    သွယ်ဝိုက်သောနည်းအားဖြင့် ကျွန်ပြုခြင်းခံနေရပြီဟု မှတ်ရပေမည်။
တက်ညီလက်ညီဝိုင်းဝန်းကူညီ
မြန်မာနိုင်ငံ      လွတ်လပ်ရေးရရှိသည်မှာ နှစ်ပေါင်း ၇၄ နှစ်ရှိပြီဖြစ်သည်။ လူ့သက်တမ်း တစ်ခု စာမျှ ကြာမြင့်ခဲ့သည့် ဤနှစ်သစ်ကူး  အခါသမယ တွင်    လွတ်လပ်ရေးနှင့်   ထိုက်တန်သော နိုင်ငံ၊ လွတ်လပ်သောနိုင်ငံသားများနှင့်    ထိုက်တန်သော ဘ၀များကို  ဖန်တီးတည်ဆောက်နိုင်ခဲ့ခြင်းရှိ၊ မရှိ ပြန်လည်သုံးသပ်ကြည့်ကြရန်ဖြစ်သည်။    
ထိုကုန်ဆုံးခဲ့သည့်ကာလအတွင်း      လူတိုင်း လူတိုင်းသည် တန်ဖိုးရှိသော လူ့ဘဝများကို ဖန်တီး တည်ဆောက်နိုင်ခဲ့ကြမည်ဆိုလျှင်     ယနေ့ကာလ တွင် ငြိမ်းချမ်းသာယာဝပြောသော   လောကနိဗ္ဗာန် ကြီးပင် ပေါ်ထွန်းနေလောက်ပေပြီ။ ထိုသို့ ပေါ်ထွန်း လာစေရန်မှာ ဗြဟ္မစိုရ်တရားလေးပါး၊   လောကပါလ တရားများနှင့်အညီ  ကျင့်ကြံနေထိုင်လုပ်ကိုင်ကြ ရန်    လိုအပ်ပေလိမ့်မည်။   လူတစ်ဦးချင်းစီ၊ အဖွဲ့ အစည်းတစ်ခုချင်းစီအနေဖြင့်     လောဘ၊   ဒေါသ၊  မောဟ၊ မာန်မာနများကို လျှော့ချကာ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့နှင့်  မေတ္တာစိတ်၊ ယုံကြည် စိတ်တို့ဖြင့်    အာဃာတမထား၊    အမုန်းမပွားဘဲ ပေါင်းသင်းဆက်နွှယ်  ဆက်ဆံနေထိုင်ကြခြင်းဖြင့် သာ ကောင်းမွန်သောလောကသစ်ကြီး တည်ဆောက် နိုင်မည်ဖြစ်သည်။
ထိုသို့သော လောကသစ်ကြီး(ဝါ)လောက နိဗ္ဗာန် သစ်ကြီး(ဝါ)ငြိမ်းချမ်းသာယာဝပြောသော လောကီ လူ့ဘောင်ကြီး တည်ဆောက်နိုင်ရန်  ဤလူ့ဘောင် တွင် လောကပါလတရားထွန်းကားပြီး သင်္ဂဟတရား လေးပါး၊     သမ္ပဒါတရားလေးပါးတို့နှင့်အညီ အစိုးရ နှင့်ပြည်သူလူထုတို့က တက်ညီလက်ညီ အတူတကွ ကြိုးပမ်းအားထုတ်လုပ်ကိုင်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ဦးတည် ချက် (၉) ရပ်၊   ရှေ့လုပ်ငန်းစဉ်  (၅) ရပ်       ချမှတ်ပြီး  ပြည်သူလူထု၏အကျိုးစီးပွားကို ဖော်ဆောင်လျက် အာမခံချက်ပေးနိုင်အောင် လောကပါလတရားများ နှင့်အညီ  အင်တိုက်အားတိုက် အားကြိုးမာန်တက် ဆောင်ရွက်နေသည့်အတွက်     ထိုလုပ်ငန်းများ ပေါက်မြောက်အောင်မြင်အောင်     တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက   ကျရာကဏ္ဍမှ   တက်ကြွစွာ ပါဝင်၍  တက်ညီလက်ညီ     ဝိုင်းဝန်းကူညီ ပံ့ပိုး လုပ်ဆောင်ပေးကြရန် လိုအပ်ပါသည်။       ထိုသို့ လုပ်ဆောင်ပေးခြင်းဖြင့်              ငြိမ်းအေးသာယာ၊ စိတ်ချမ်းမြေ့ဖွယ်ရာကောင်းသော        လောကီ လူ့ဘောင်ကြီး      ဖြစ်ထွန်းပေါ်ပေါက်လာမည်မှာ       မလွဲဧကန်  အမှန်ဖြစ်သည့်အပြင်    လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို       ကာကွယ်စောင့်ရှောက် ပေးနိုင်မည့် စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော နိုင်ငံတော်       ကာကွယ်ရေးအင်အားစုကြီးလည်း      ဖြစ်တည်ပေါ်ပေါက်လာမည်ဖြစ်သည်။    
အခြားတစ်ဖက်တွင်လည်း ပြည်တွင်းမှ ပြည်ပ အားကိုး ပုဆိန်ရိုးတို့၏ နိုင်ငံတစ်ဝန်း   တရားဥပဒေ စိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးတို့ကို ဖျက်လို ဖျက်ဆီးပြုလုပ်နေကြသည့်       အဖျက်အမှောင့် လုပ်ရပ်များကို     မပြတ်သောသတိ၊   ဝီရိယ၊ လုံ့လ တို့ဖြင့် ဝိုင်းဝန်းတိုက်ဖျက်ချေမှုန်းပစ်ကြရန် အထူး လိုအပ်သည်။    သို့မှသာ နိုင်ငံတစ်ဝန်း    တည်ငြိမ် အေးချမ်းလာမည်ဖြစ်သည်။  
လူငယ်တို့အတွက် မေတ္တာစကား   
လူငယ်များသည် ယနေ့လူငယ်    နောင်ဝယ် လူကြီးဆိုသည့်   စကားအတိုင်း   တစ်ချိန်တွင် တိုင်းပြည်အနာဂတ်ကို လူကြီးများထံမှ  ပခုံးပြောင်း တာဝန်ယူရမည့်သူများ ဖြစ်သည်။ လူငယ်ကောင်းမှ တိုင်းပြည်အနာဂတ်လည်း    ကောင်းမွန်တင့်တယ် မည်ဖြစ်သည်။   လူငယ်များသည်    တိုင်းပြည်၏ ရတနာ၊ လူမျိုး၏ ဇမ္ဗူရစ် ရွှေစင်များဖြစ်ကြသည့် အလျောက်   လူကြီးနှင့်လူလတ်များက   ၎င်းတို့ လမ်းမှားမရောက်အောင်  လက်တွဲခေါ်ယူ၍  အသိ ပညာ၊  အတတ်ပညာ၊  မေတ္တာတို့ကို မျှဝေပေးကြရန် လိုအပ်ပါသည်။
လူငယ်များအနေဖြင့်လည်း     မိမိတို့ဘဝ တိုးတက်ရာတိုးတက်ကြောင်းတို့ကို ဆောင်ရွက်ရန် အချိန်အခါကောင်းဖြစ်သဖြင့် ကိုယ်ရွေးချယ်သင်ယူ နေသော အသိပညာ၊  အတတ်ပညာများသင်ယူရင်း အချိန်ယူပြီး အသိပညာတိုးတက်စေမည့် စာကောင်း ပေမွန်များကို ဘဝအတွက်  ရည်ရွယ်၍ ဖတ်မှတ် လေ့လာကြရမှာဖြစ်သည်။ စာဖတ်ခြင်းသည် ဗဟု သုတကြွယ်ဝစေပြီး အမှားအမှန်ကို ကွဲပြားခြားနား စွာ သိရှိစေမည်ဖြစ်သလို  ရည်ရွယ်ချက်ပန်းတိုင်ကို   သွားသည့်ခရီးတွင်  ဇွဲ၊ သတ္တိနှင့်   စိတ်ရှည်သည်းခံစိတ်    များပြားတိုးတက်စေမည် ဖြစ်သည်။ ထို့ပြင် မိသားစု  တာဝန်၊         နိုင်ငံသားကောင်းတစ်ယောက်၏ စိတ်ဓာတ်နှင့်   တာဝန်များကိုလည်း     သဘောပေါက် နားလည်လာစေမည်ဖြစ်သည်။
အထူးသဖြင့်   မြေပေါ်မြေအောက်     နိုင်ငံရေး သမားအချို့၏ နိုင်ငံ၏အကျိုးအတွက် မဟုတ်သော သွေးထိုးလှုံ့ဆော်မှုများကို  လွဲမှားစွာမခံယူမိရန်နှင့် ၎င်းတို့၏အသုံးချခံနယ်ရုပ်များ မဖြစ်စေရန် သတိရှိ နေကြရပေမည်။ အနာဂတ်ကာလတွင် နိုင်ငံတာဝန် ကို ပခုံးပြောင်းယူရသည့်အခါ မိမိတို့တာဝန်ယူ ရသည့်နယ်ပယ်အသီးသီးတွင်    စံပြပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစားလုပ်ကိုင်ကြရန်နှင့် လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင်လည်း ရှေ့တန်းမှပါဝင်သူများဖြစ်စေလိုပါသည်ဟု    မေတ္တာစကားပါးလိုက်ရပါ ကြောင်းဖြင့်(၇၄)နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲ သဘင်ကြီးကို ကြိုဆိုဂုဏ်ပြု ရေးသားတင်ပြလိုက်ရ ပါသတည်း။     ။