အောင်သည့်ခရီး အောင်စည်တီး၍

အောင်သည့်ခရီး အောင်စည်တီး၍
v    မြန်မာ့ဂီတ  သုခုမကား
    ရသကိုးလီ  တစ်ပါးစီကို
    ပီပြင်သီကုံး   သံဖြင့်မှုန်း၍
    ထုံးစံစည်းဝါး   အလေးထားကာ
    နားဝင်ပီတိ   ဂွမ်းဆီထိသို့။
v    နိုင်ငံလူမှု  တည်ထောင်ပြုဝယ်
    စုစုရုံးရုံး   မျိုးချစ်နှုန်းဖြင့်
    လုံ့လလည်းထူ   ဉာဏ်လည်းကူ၍
    မူတည်အရပ်   ပြည်ဆီကပ်လျက်
    သပ်ရပ်ဂီတ   ဖိုးတန်ပြဖို့။
v    ယုံကြည်ကိုးကွယ်    အမြစ်နွယ်၌
    တွယ်ခိုင်ဉာဏ်ဖွင့်    သစ္စာပွင့်ရန်
    ချင့်တွက်ဝေဖန်    ဓမ္မစံကို
    ကြံစည်ရေးထုတ်   လမ်းပြမုခ်သို့။
v    ဂီတနယ်ပယ်    ကောင်းကျိုးသယ်၍
    ထည်ဝါခန့်လေး    လွတ်လပ်ရေးနှင့်
    ဘေးစုံရှောင်လှမ်း   သမိုင်းခန်းသည်
    မြန်းကြာရက်ရှည်    မြန်မာ့မြေတွင်
    ခြေနေတိုးလျက်    တန်ခိုးထွက်ကာ
    ဆက်လက်ခရီး  အောင်မြင်ပြီးပါစေသတည်း။    ။

ညိုဝင်း (ချစ်မြေ)

 

(၂၇.၆.၂၀၂၄ ရက်နေ့တွင် ကျရောက်သည့် “မြန်မာ့ဂီတနေ့” “၁၁” နှစ်မြောက်ကို ဂုဏ်ပြုရေးဖွဲ့အပ်ပါသည်။)