အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော်     ဇူလိုင်    ၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၄ ခုနှစ်  မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်   ဥတ္တရသီရိ မြို့နယ်   မြင်းစီးအားကစားကွင်း ပွဲကြည့်စင်     ဘယ်ဘက်ခြမ်းရှိ မြေကွက်လပ်နေရာ၌   ကျင်းပ သည်။
အခမ်းအနားသို့  ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက    အဖွင့်အမှာ စကားပြောကြားရာ၌   နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများစားနပ်ရိက္ခာဖူလုံရေး၊ လူမှုစီးပွား    ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော     ဂေဟစနစ် ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်၊ သစ်တောများသည် အလွန်အရေး ကြီးသောအခန်းကဏ္ဍမှ   ပါဝင် လျက်ရှိကြောင်း၊ သစ်ပင်၊ သစ်တော များ၏ အကျိုးကျေးဇူးကို  သိရှိ နားလည်ပြီး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်     လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီး ဌာန၊ နိုင်ငံတကာရေးရာနှင့်တားဆီး ကာကွယ်ရေးဦးစီးဌာနနှင့် စုံစမ်း စစ်ဆေးရေးဦးစီးဌာနများမှ တာဝန် ရှိသူများထံ ပျိုးပင်များ လွှဲပြောင်း ပေးအပ်ပြီး      ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်၍ ပျိုးပင်များ   စိုက်ပျိုး ကြသည်။
၂၀၂၄  ခုနှစ်   မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ    အခမ်းအနားတွင် ကော်မရှင်အနေဖြင့် ရတနာတန်း ဝင်ကျွန်းပင်နှင့်    မန်ကျည်းပင် စုစုပေါင်းပျိုးပင် ၄၅၀ ကို စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်