အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ ကျင်းပ

နေပြည်တော်   ဇူလိုင်   ၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏      ပညာရည်ချွန် ဆုပေးပွဲနှင့်  ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စုပေါင်း ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့်   အဖွဲ့ဝင်များ၊   ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေး မှူးများ၊ အရာထမ်းများ၊ အမှုထမ်း များနှင့်    တက္ကသိုလ်ဝင်စာမေးပွဲ            အောင်မြင်ခဲ့ကြသည့်        ဝန်ထမ်း သားသမီးများ တက်ရောက်ခဲ့ကြ သည်။ 
ဦးစွာ      ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ၂၀၂၃-၂၀၂၄  ပညာ သင်နှစ်တွင်        တက္ကသိုလ်ဝင် စာမေးပွဲ    ဖြေဆိုအောင်မြင်ခဲ့ကြ သည့်    ကျောင်းသား    ကျောင်းသူ များအနေဖြင့် မိမိတို့ အနာဂတ်  ရည်မှန်းချက်များ အောင်မြင်စေ ရန်အတွက်   ဆက်လက်ကြိုးပမ်း အားထုတ်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်        အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်မြင့်မား ရေးအတွက်    အမျိုးသားရေး မျှော်မှန်းချက်ကို      ချမှတ်၍   ခေတ်နှင့်လျော်ညီသည့် ပညာရေး ပြုပြင်      ပြောင်းလဲမှုများအဖြစ် စီမံကိန်းများ  စနစ်တကျ ချမှတ် အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း၊   ဗလငါးတန်ပြည့်ဝပြီး အသိဉာဏ်ပြည့်စုံသည့် လူငယ် များသည်   နိုင်ငံ၏   အနာဂတ် အင်အားများ ဖြစ်ပါကြောင်း၊ ဗလ ငါးတန်အနက်     စာရိတ္တဗလ ပြည့်စုံပါက နိုင်ငံဘက်စုံ ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း၊ စာရိတ္တဗလဖြစ်သည့် ဖြောင့်မတ် တည်ကြည်မှုသည် နေရာတိုင်း၊ ကဏ္ဍတိုင်းတွင် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့်    ခေတ်မီ ပညာရပ်များကို လေ့လာ၍ ကမ္ဘာ နှင့်       ရင်ပေါင်တန်းနိုင်အောင် ကြိုးစားရန်   လိုအပ်သည့်အပြင် မိမိဘဝ  တိုးတက်မြင့်မားစေရန် ဘက်စုံပံ့ပိုးပေးကြသည့် မိဘများ ၏ ကျေးဇူးတရားကို  မမေ့လျော့ စေရန်၊ မိမိနိုင်ငံကို ချစ်ခင်လေးစား စိတ်ထားရှိကြရန်၊        မိမိကြောင့် မိမိနိုင်ငံ  ဂုဏ်ယူရလောက်သည် အထိ  ကြိုးစားကြရန်    လိုအပ် ကြောင်း           တိုက်တွန်းမှာကြား သည်။
ထို့နောက်   ကော်မရှင်ဥက္ကဋ္ဌ က  ၂၀၂၃-၂၀၂၄   ပညာသင်နှစ် တွင်    တက္ကသိုလ်ဝင်   စာမေးပွဲ၌ ခြောက်ဘာသာဂုဏ်ထူး         ရရှိခဲ့ သည့်    ကျောင်းသားတစ်ဦးနှင့်  နှစ်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သူ   ကျောင်းသား နှစ်ဦးကို         ဆုချီးမြှင့်ခြင်း၊ ဆက်လက်၍           ကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ၂၀၂၃-၂၀၂၄    ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်              စာမေးပွဲ၌ တစ်ဘာသာဂုဏ်ထူး ရရှိခဲ့သည့် ကျောင်းသူတစ်ဦးနှင့်     ရိုးရိုး အောင်မြင်ခဲ့သူ လေးဦးကို ဆုများ ပေးအပ်ချီးမြှင့်ကာ     ကော်မရှင် အဖွဲ့ဝင်   ဦးမောင်မောင်တင့်က ကော်မရှင်ရုံး    ဝန်ထမ်းများ၏ သားသမီးများအနက်မှ   ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်   အခြေခံ ပညာအဆင့်မှ တက္ကသိုလ်အဆင့် အထိ    တက်ရောက်သင်ကြားနေ သည့်   ကျောင်းသား    ကျောင်းသူ များအတွက် ပညာသင်ထောက်ပံ့ ကြေးကို   ဌာနတာဝန်ခံများသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်