
မော်လမြိုင် ဇွန် ၁၄
“လူငယ်နှင့် ဖြောင့်မတ် တည်ကြည်မှု ” လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန အစိုးရနည်းပညာအထက် တန်းကျောင်း (မော်လမြိုင်)၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး၊ အစိုးရနည်းပညာ အထက် တန်းကျောင်း (မော်လမြိုင်)မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက် အောင်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
စကားဝိုင်းတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ် သိန်းက လူငယ်များအနေဖြင့် အဂတိလိုက်စားမှုများကို တိုက် ဖျက်ရာတွင် ဖြောင့်မတ်တည်ကြည် မှုကို ဦးစွာတည်ဆောက်ရ မည်ဖြစ်ကြောင်း၊ ဖြောင့်မတ် တည်ကြည်မှုဆိုသည် မိမိကိုယ်တိုင် ဖြစ်စေ၊ အဖွဲ့အစည်း၊ ပတ်ဝန်း ကျင်ကဖြစ်စေ၊ နိုင်ငံတော်က ဖြစ်စေ ချမှတ်ထားသည့် မှန်ကန် သော ကျင့်ဝတ်များနှင့် စည်းမျဉ်း စည်းကမ်းများကို မြဲမြံစွာလိုက်နာ စောင့်ထိန်းရမည် ဖြစ်ကြောင်း၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာ စေရန် လူငယ်များ၏ ပညာရေး ကဏ္ဍဖြစ်သည့် စာသင်ကျောင်း များမှစတင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ် ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကိုကျင်းပပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်) မှ ကျောင်းသား ကျောင်းသူများ က သိလိုသည်များကို မေးမြန်း ကြရာ ဆွေးနွေးသူများအဖြစ် ပါဝင် ဆောင်ရွက်ကြသည့် ကျောင်းသား ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည် ဖြေကြားကြသည်။
ထို့နောက် အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်) မှ ကျောင်းအုပ်ကြီး ဦးသန်းထိုက် အောင်က ကျေးဇူးတင်စကား ပြောကြား၍ အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်