အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၊ ဦးရဲမင်းဇော်နှင့် ဦးနေအောင်ရဲမြင့်တို့အပေါ် စီရင်ချက် အမိန့်ချမှတ်

 

နေပြည်တော်   ဧပြီ   ၂၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း၏ ဆောင်ရွက်ချက်များအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူ ပေးပါရန်   တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က    စုံစမ်း စစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ    ဆောက်လုပ်ရေး ဝန်ကြီးဌာန  ဒုတိယဝန်ကြီးဟောင်း ဦးကျော်လင်း သည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံရန်    ဆောင်ရွက်နေသည့်အချိန်တွင် ဒေသခံ ပြည်သူလူထု ထောက်ခံမှုရရှိစေရန်အတွက် စီမံကိန်းနှင့်   ဘဏ္ဍာရေးဝန်ကြီးဌာန၏   အမိန့် ကြော်ငြာစာအမှတ် ၃၅/၂၀၁၇ ဖြင့် ထုတ်ပြန်ထား သည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းကို   လိုက်နာမှုမရှိဘဲ  မုံရွာ-ယာကြီး-ကလေးဝလမ်း မိုင်(၈၅/၀)မှ ကြာပင်ကျေးရွာသို့ ဆက်သွယ်ထားသော လမ်းအား ငွေစာရင်းခေါင်းစဉ် လျာထားသတ်မှတ်မှုမရှိဘဲ           လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးက လမ်းဦးစီး ဌာန    ပြင်ဆင်ထိန်းသိမ်းရေး  ရန်ပုံငွေကျပ် ၅၆၂ သန်းကျော်ဖြင့်  သုံးစွဲစေရေး  ဆောင်ရွက်စေခဲ့ခြင်း၊ မင်းကင်းမြို့နယ်တွင် ကျောက်အိုးတံတားအသစ်ကို ငွေလုံးငွေရင်း ရန်ပုံငွေမှလျာထားခွင့်ပြု ထားခြင်း မရှိဘဲ ဦးကျော်လင်း၏ လမ်းညွှန်ချက်ဖြင့် တံတား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတားပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေကျပ်  သန်း ၁၂၀ ဖြင့်     တည်ဆောက်စေခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေးများကို ထိခိုက်နစ်နာဆုံးရှုံးစေ ခဲ့ကြောင်း။
ဦးကျော်လင်းသည် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး တာဝန်ထမ်းဆောင်စဉ် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း   အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီခရိုင်ရုံး    ဆောက်လုပ်ရန်အတွက် အဆောက်အဦဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် ထံမှတစ်ဆင့် အဆောက်အဦအထူးအဖွဲ့ ၁၆ ဖွဲ့ရှိ    လက်အောက်ဝန်ထမ်းများထံမှ  ငွေကျပ် သိန်း ၃၀ ကို လက်ခံရယူခဲ့ကြောင်း။
ဦးကျော်လင်းသည် စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆောင်ရွက်နေ သည့်အချိန်တွင်  မင်းကင်းမြို့နယ်သို့ သွားရောက် သည့် ခရီးစဉ်များ၌ ဘုန်းတော်ကြီးကျောင်းများသို့ ဝင်ရောက်  ဖူးမြော်၍  အလှူငွေနှင့်  ဆန်အိတ်များ ပေးအပ်လှူဒါန်းရာတွင်  ၎င်း၏  ညွှန်ကြားချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများမှ စီစဉ် ပေးသည့်    ဆန်အိတ် ၆၈ အိတ်ကို  ထိုက်သင့် သည့်     တန်ဖိုးငွေပေးချေခြင်းမရှိဘဲ    လက်ခံခဲ့ ကြောင်း။
ဦးကျော်လင်းသည်   ပါတီအောင်နိုင်ရေးတွင် အသုံးပြုရန် အကြောင်းပြ၍ အလှူငွေများကို ၎င်း ကိုယ်တိုင်နှင့်   ၎င်း၏   ကိုယ်ရေးအရာရှိဖြစ်သူမှ တစ်ဆင့်      ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ စုစုပေါင်း ငွေကျပ် ၃၆၃ သိန်းကျော်ကို လက်ခံ၍ ရွေးကောက်ပွဲစည်းရုံး ရေးအတွက် ပါတီအလံ၊ အင်္ကျီ၊ တီရှပ်၊   ဦးထုပ်နှင့် လက်ကမ်းစာစောင်များ ဝယ်ယူရာတွင် အသုံးပြုခဲ့ ကြောင်း၊   ဆောက်လုပ်ရေးကုမ္ပဏီ   နှစ်ခုထံမှ စုစုပေါင်း ငွေကျပ်သိန်း ၆၀၀ ကို ၎င်း၏ ကိုယ်ရေး အရာရှိမှတစ်ဆင့်     လက်ခံရယူခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့်  ဆောက်လုပ်ရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီးဟောင်း  ဦးကျော်လင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်ခဲ့ကြသည့်   ဦးအောင်မြင့်ဦး၊   ဦးရဲ မင်းဇော်နှင့်  ဦးနေအောင်ရဲမြင့်တို့အပေါ်   အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း  မန္တလေးတိုင်းဒေသကြီး တရား လွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ရာ    ရာဇဝတ်ကြီးမှုအမှတ် ၂၆/၂၀၂၁ မှ ၃၅/၂၀၂၁ အထိ အမှု ၁၀ မှုဖြင့် လက်ခံ စစ်ဆေးခဲ့သည်။ 
၎င်းအမှုများအပေါ်   ပြစ်မှုထင်ရှားသဖြင့် မန္တလေးတိုင်းဒေသကြီး     တရားလွှတ်တော်က ယနေ့ရက်စွဲဖြင့်    ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း    ဦးကျော်လင်းကို   အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ   ပုဒ်မ ၅၅  အရ အလုပ်နှင့်    ထောင်ဒဏ် အနှစ်  ၂၀   ကျခံစေရန်၊ ညွှန်ကြားရေးမှူးချုပ်ဟောင်း    ဦးအောင်မြင့်ဦးကို  အဂတိလိုက်စားမှု    တိုက်ဖျက်ရေးဥပဒေ  ပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ်  လေးနှစ် ကျခံ စေရန်နှင့်        ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးရဲမင်းဇော်နှင့်  ဦးနေအောင်ရဲမြင့်တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်