အဂတိမှုများ ထိန်းသိမ်းရှောင်ရှား

 

အမျိုးသားရေး မျှော်မှန်းချက်ဖြစ်သည့်  တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာပေါများရေးတို့ကို အကောင်အထည် ဖော်ရာတွင် နိုင်ငံ့ဝန်ထမ်းများက အဓိက ဆောင်ရွက်ကြရသူ များဖြစ်သည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးကာ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါး မှု လျော့ကျလာရေးကို ဦးတည်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ရာ ဝန်ထမ်းများ အရည်အသွေးမြင့်မားပြီး တစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကောင်းမွန်မှုတို့မှာ အခြေခံကျသော လိုအပ် ချက်များပင် ဖြစ်သည်။   ဝန်ထမ်းတစ်ဦးချင်း ကိုယ်ကျင့်တရား ကောင်းမွန်သည့်    ဝန်ထမ်းအဖွဲ့အစည်းသည်    ပြည်သူက ယုံကြည်လေးစားမှုကို ရရှိပြီး ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်း လည်း ဖြစ်လာမည်ဖြစ်သည်။

 


ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲချမှတ်ပြီး အများပြည်သူ ဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေးကို ဆောင်ရွက်လျက်ရှိသည်။ အဂတိလိုက်စားမှုများကို ကာကွယ်ဟန့်တားရာတွင်    အများပြည်သူနှင့်  တိုက်ရိုက် ထိတွေ့နေသည့်   အောက်ခြေအဆင့်များမှစကာ   ထိထိ‌ ရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)”များကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ဖွဲ့စည်းထား ပြီး ဖြစ်သကဲ့သို့ ဝန်ထမ်းအဖွဲ့အစည်းများ၏ အများပြည်သူဆိုင်ရာဝန်ဆောင်မှုများ   ဆောင်ရွက်ရာတွင်    အသေးစား အဂတိလိုက်စားမှုများကို  ထိရောက်စွာ  ဟန့်တားနိုင်ရန် အတွက် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်” (Public Feedback Programme-PFP) ကို  အကောင်အထည် ဖော်လျက်ရှိရာ  ဝန်ဆောင်မှုရယူသည့်  ပြည်သူများကရော ဝန်ဆောင်မှုပေးသည့်  ဝန်ထမ်းများကပါ   အဂတိမှုများကို  ထိန်းသိမ်းရှောင်ရှားကြရမည်ဖြစ်သည်။  မိမိတို့ ထမ်းဆောင်ရ မည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်  ပွင့်လင်းမြင်သာမှုရှိရှိ၊  အဂတိကင်းကင်းဖြင့် ဆောင်ရွက်ပေး သည်နှင့်အမျှ ဌာနအဖွဲ့အစည်း၏  ဂုဏ်သတင်းမွှေးပျံ့လာ မည်သာဖြစ်သည်။

 


နေပြည်တော်တွင်   ဒီဇင်ဘာ ၉ ရက်က ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ     အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌  “နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အဂတိပယ်ခွာ ပြည်သာယာ ဆိုသည့် ဆောင်ပုဒ်အတိုင်း အဂတိလိုက်စားမှု ကျူးလွန်ခြင်း များကို လျော့နည်းပပျောက်စေရေးအတွက် မူဝါဒနှင့် ဥပဒေ မူဘောင် ခိုင်မာရေး၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခိုင်မာ ရေးတို့ကို  အလေးထားဆောင်ရွက်လျက်ရှိသည်ကို ပြောကြား လိုပါကြောင်း။   အဂတိလိုက်စားမှုသည်    အသွင်အမျိုးမျိုး ဆောင်ပြီး    ဖြစ်ပေါ်နေခြင်းဖြစ်သည့်အတွက်   ဥပဒေကြောင်း အရသာမက   ကောင်းမွန်သော   ကိုယ်ကျင့်တရားထွန်းကား ရေး နည်းလမ်းများအရပါ   ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ နိုင်ငံ့ဝန်ထမ်း၊     ပြည်သူ့ဝန်ထမ်းများသာမက  အများပြည်သူ များနှင့်လည်း     သက်ဆိုင်သည့်    အကြောင်းအရာဖြစ်သည့် အတွက်       အားလုံးပါဝင်ဆောင်ရွက်ကြရန်      လိုအပ်သည်ဟု တိုက်တွန်းပါကြောင်း” ပြောကြားခဲ့သည်။ 

 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး၊    ဆင်းရဲနွမ်းပါးမှု    လျှော့ချရေးတို့အတွက်   အထူးပင် အရေးကြီးသည့်   လုပ်ငန်းကြီးတစ်ခုဖြစ်သည့်အလျောက် အားလုံးပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။        ။