
နေပြည်တော် ဇွန် ၁၂
၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် (၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်) အင်္ဂါနေ့သည် “အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)နေ့” ဖြစ်သည့် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၅/၂၀၂၄ ဖြင့် ကြေညာထားသည်။ သတင်းစဉ်