
ကွီတို နိုဝင်ဘာ ၁၄
အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်တစ်ခု၌ အကျဉ်းသားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာ အနည်းဆုံး ၆၈ ဦး သေဆုံးပြီး ၂၅ ဦးထိခိုက်ဒဏ်ရာ များရရှိကြောင်း သိရသည်။
ရှစ်နာရီကြာမြင့်
အဆိုပါထောင်တွင်း ပဋိပက္ခဖြစ်ပွားမှုသည် ဂူရာကွေးမြို့အနောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခု ၌ ဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားချိန် ရှစ်နာရီကြာမြင့် သည်ဟု စုံစမ်းစစ်ဆေးရေးတာဝန်ရှိသူများက ပြောသည်။
ရာဇဝတ်အဖွဲ့အစည်းဝင်အကျဉ်းသားများက အကျဉ်းထောင်အရာရှိများအား ဓားများဖြင့် ထိုးပြီး သေနတ်များနှင့် ပေါက်ကွဲစေသည့်ပစ္စည်းများကို ယူဆောင်သွားခဲ့သည်ဟု ဒေသန္တရမီဒီယာများက သတင်းဖော်ပြသည်။
အကျဉ်းထောင်အတွင်း ထိန်းချုပ်ခွင့်ရရှိရေး အတွက် ရာဇဝတ်အဖွဲ့အစည်းဝင် အကျဉ်းသား အချင်းချင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာ များတွင် ဖော်ပြသည်။
အီကွေဒေါသမ္မတ ဂွါလာမိုလာဆိုက အကျဉ်း ထောင်များအတွင်း တည်ငြိမ်အေးချမ်းမှုရရှိစေ ရေးအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား စက်တင်ဘာလအတွင်း တပ်ဖြန့်ထားကြောင်း သိရ သည်။
ယခုဖြစ်ပွားသည့် အကျဉ်းထောင်အတွင်း ခိုက်ရန်ဖြစ်ပွားမှုသည် နိုင်ငံတကာ မူးယစ်ဆေးဝါး ဂိုဏ်းများနှင့်ပတ်သက်မှုရှိကြောင်း တာဝန်ရှိသူများ က ဆိုသည်။
အဆိုပါအကျဉ်းထောင်တွင် စက်တင်ဘာလ အတွင်းကလည်း အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပွား ခဲ့ပြီး ၁၁၈ ဦး သေဆုံးခဲ့သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်