အီကွေဒေါနိုင်ငံ၌ ကိုဗစ် -၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးရန် အမိန့်ထုတ်

 

ကွီတို ဒီဇင်ဘာ ၂၄


အီကွေဒေါနိုင်ငံ၌  ကိုဗစ် -၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးရန်  အမိန့်ထုတ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။ 

 


ကိုဗစ် -၁၉ ကူးစက်မှုများပြားလာခြင်းနှင့် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်မှုကို စိုးရိမ် သည့်အတွက် ယခုလိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉   နှင့်    ဗီဇပြောင်းကူးစက်မှုများ ၏အန္တရာယ်မှ     ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးကြရန်လည်း ပြည်သူများ ကို တိုက်တွန်းထားသည်။  

 


အပြည်ပြည်ဆိုင်ရာတွင်     ကိုဗစ်-၁၉ ကူးစက်မှုများပြားလာပြီး     ဆေးရုံများတွင် ဝန်ပိလာမှုများ ဖြစ်ပေါ်နေသည့်အတွက် ယခု လို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။  အီကွေဒေါ နိုင်ငံသည် ဇန်နဝါရီလမှစတင်ကာ လူပေါင်း ၁၂ ဒသမ ၄ သန်းကို ကာကွယ်ဆေးအပြည့်ထိုးပေးနိုင်ခဲ့ပြီး အသက် ငါးနှစ်နှင့်အထက် တိုင်းပြည်လူဦးရေ၏ ၇၇ ဒသမ ၂၃ ရာခိုင်နှုန်း ကို ပစ်မှတ်ထားကာ ကာကွယ်ဆေးထိုးပေးခဲ့ခြင်းဖြစ်သည်။  

 


တိုင်းပြည်လူဦးရေ၏  ၈၅ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားသည်။ ဒီဇင်ဘာ ၂၂ ရက်အထိ အီကွေဒေါနိုင်ငံ၌  ကိုဗစ်-၁၉  ကူးစက်ခံရသူ အရေအတွက်မှာ ၅၃၉၀၃၇  ဦးရှိသည်။ 

 


ဒီဇင်ဘာ  ၂၃   ရက်မှစတင်ကာ  အများ ပြည်သူနှင့်သက်ဆိုင်သည့်    နေရာများသို့ သွားသည့်အခါ  ကာကွယ်ဆေးအပြည့်ထိုးပြီး ကြောင်း  လက်မှတ်ပြသရန်   လိုအပ်လာပြီ ဖြစ်သည်။ 


ဆင်ဟွာ